လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း တိုက်ပွဲဖြစ်ပွား

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း တိုက်ပွဲဖြစ်ပွား

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး အရှေ့ဖက်ခြမ်း နားကွယ်ရွာနဲ့ ရေကန်ရွာအနီးမှာ ဒီဇင်ဘာလ ၁၆ ရက် မနက် ၉နာရီ ၄၀ မိနစ်အချိန်က တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

လက်ရှိအချိန်ထိ ပစ်ခတ်သံ ကြားနေရဆဲလို့ ဒေသခံတစ်ဦးက မွန်းလွဲ (၁၁) နာရီမှာ အတည်ပြုပြောပါတယ်။

“ အခုချိန်ထိ ပစ်နေဆဲပဲ။ အသံကြားနေရတယ်။ လက်နက်ကြီးလည်းပါတယ်။ ၅၃၀ တပ်ကပစ်လာတာလို့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ကတည်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနားကျေးရွာတွေမှာနေထိုင်တဲ့ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်။ လွိုင်လင်အရှေ့ဖက်ခြမ်း ကွန်နားကျေးရွာ တစ်ဝိုက်မှာ KAနဲ့ KNDF ပူးပေါင်းတပ်တို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...