ငွေအကြိမ်ကြိမ်ခွဲထုတ်ရသဖြင့် မီဒီဘတ်ဂျက် တင်ဒါသမားများ အခက်ကြုံ

ငွေအကြိမ်ကြိမ်ခွဲထုတ်ရသဖြင့် မီဒီဘတ်ဂျက် တင်ဒါသမားများ အခက်ကြုံ

မီနီ ဘတ်ဂျက် တင်ဒါ အောင်သူများ အကြိမ်ကြိမ် ငွေခွဲ ထုတ်နေရသဖြင့် အကုန်အကျများပြီး တွက်ချေမကိုက်ဖြစ်နေသည်ဟု တင်ဒါအောင်မြင်သူ လုပ်ငန်းရှင်များက ပြောသည်။

မီနီ ဘတ်ဂျက် တင်ဒါ အောင်သူများအား ယခင် ၄ ကြိမ်ခွဲ၍ ငွေထုတ်ပေးရာမှ ယခုအခါ ၉ ကြိမ်ခွဲပေးသည့် စနစ်သို့ ပြောင်းလဲ ကျင့်သုံးလက်ရှိသည်ဟု လုပ်ငန်းရှင် အချို့က ပြောသည်။

ယခင် မီနီဘတ်ဂျက် ခေါ်  ၆ လတာ ကာလအတွင်း တင်ဒါအောင်မြင်၍ စာချုပ်ချုပ်ပြီးလျှင် ၂၅ ရာခိုင်နှုန်း လုပ် ငန်းပြီးလျှင် တစ်ကြိမ်၊ ၅၀ ရာခိုင်နှုန်းပြီးလျှင် တစ်ကြိမ်၊ လုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးလျှင် တစ်ကြိမ် နှင့် ၁၀၀ ရာ ခိုင်နှုန်းပြီးပါက တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်ခွဲပေးရမှာ ယခုခါ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တင်ဒါလုပ်ငန်းရှင်တစ်ဦးက “အဓိကတော့ သူတို့မှာ ငွေလည်ပတ်ဖို့ မရှိ တော့ အလီလီခွဲပေးနေရတဲ့ သဘောမျိုး ဖြစ်နေတယ်။ လက်မှတ်ထိုး အလီလီ ခွဲထုတ်ရတယ်။ လုပ်ငန်းလည် ပတ်ဖို့က လည်းခက်တယ်“ ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန် လက်ရှိကာလအတွင် မီနီဘတ်ဂျက်တင်ဒါစာချုပ်ချုပ်ပြီးပါက လုပ်ငန်း ၁၀ ရာ ခိုင်နှုန်းပြီးလျှင် တစ်ကြိမ်၊ ၁၅ ရာခိုင်နှုန်းပြီး လျှင် တစ်ကြိမ်၊ နောက်ထပ် ၁၀ ရာခိုင်နှုန်းပြီးလျှင်တစ်ကြိမ် သဖြင့် အကြိမ်စုစုပေါင်း ၉ ကြိမ် ခွဲပေးမည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ယခင်က သိန်း ၄၀၀ တန် အောင်ထားသည့် တင်ဒါကို ၄ ကြိမ်သာ ခွဲထုတ်ရပြီး ယခုသိန်း ၄၀၀ ကို ၉ ကြိမ်ခွဲ ထုတ် ရသဖြင့် ၁၀ ရာခိုင်နှုန်း အတွက် သိန်း ၄၀ ခန့်သာ ထုတ်ရပြီး တစ်ကြိမ်ထုတ်တိုင်း ငါးသောင်းခန့် ကုန်ကျသဖြင့် တင်ဒါအောင်ထားသူ အနေဖြင့် တွက်ခြေမကိုက်ဖြစ်နေရသည်ဟု သိရသည်။

စစ်ကောင်စီသည် ၂၀၀၈ ဖွဲစည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၉ အရဟု ဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း မီနီဘတ်ဂျက်ရေးဆွဲထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၏ ဥပဒေ အမှတ် ၂၈/၂၀၂၁ အဖြစ် ပြဌာန်းထားကြောင်း သိရသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...