ဗဟိုကော်မတီ နှစ်သစ်ကူး အကျဉ်းချုပ်သာ ကျင်းပမည်

ဗဟိုကော်မတီ နှစ်သစ်ကူး အကျဉ်းချုပ်သာ ကျင်းပမည်

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ၏ လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျရောက် မည့် ကရင်နှစ် ၂၇၆၁ ခု ကရင်နှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ကျောင်းတိုက်၌ အကျဉ်းချုပ်ဖြင့်သာ ကျင်းပသွားမည်ဟု ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။

“နှစ်သစ်ကူး ကရင်အမျိုးသား အလံတင်အခမ်းအနားကို ကော်မတီဝင်တွေနဲ့သာ ကိုဗစ်စည်းကမ်းနဲ့အညီ အစဉ် အလာမပျက် အကျဉ်းချုပ် ကျင်းပသွားမယ်။ အလံတင်အခမ်းအနားပြီးရင် နှစ်သစ်ကူးဟောပြောပွဲလုပ်မယ်၊ နောက်ပြီးတော့ ကရင့်ဘိုးဘွားတွေကို ပူဇော်ကန်တော့ပွဲလုပ်သွားမယ်။ ဒီလောက်ပဲ ရှိမယ်” ၎င်းက ပြောသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီက နှစ်စဉ် တစ်နှစ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိသည့် ကရင့်ကြေးမုံ မဂ္ဂဇင်းကိုလည်း ယခုနှစ်တွင် ထုတ်ဝေသွားမည်ဟု ကျင်းပရေးကော်မတီက ပြောသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် ကရင်နှစ် ၂၇၆၁ ခု၊ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားများကို အကျဉ်းချုပ်ဖြင့်သာ ကျင်းပရန်ရှိကြောင်း မြို့နယ်ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီများထံမှ သိရသည်။

၁၉၆၄ ခုနှစ်အတွင်းက ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ ကရင်တို့အကြား ဝိရောဓိ အငြင်းပွားမှုများဖြစ်ပေါ်ကာ နှစ်သစ်ကူးကျင်းပရေးအတွက် မရေမရာ ဖြစ်နေချိန်တွင် ရန်ကုန်ရောက် ကရင် ကျောင်းသားများနှင့် ကရင်လူကြီးများက ဦးဆောင်ကာ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်သစ်ကူးပွဲတော်ကို ယခုတိုင် ကျင်းပလျက်ရှိသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...