ဆံတော်ရှင်ဘုရားပွဲသို့ သွားမည့်သူများ စစ်ရေးသတိရှိကြရန် AA သတိပေး

ဆံတော်ရှင်ဘုရားပွဲသို့ သွားမည့်သူများ စစ်ရေးသတိရှိကြရန် AA သတိပေး

မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ ဆံတော်ရှင်ဘုရားပွဲသို့သွားမည့်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဒီဇင်ဘာ ၁ဝ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

ဆံတော်ဘုရားတောင်တက်လမ်းကို လမ်းပြုပြင်ရန် အကြောင်းပြချက်ဖြင့် စစ်တပ်က နေရာယူထားသည့်ကိစ္စအပါအဝင် ကိစ္စအချို့ကြောင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်သည့်အတွက် စစ်တပ်၏လှုပ်ရှားမှုများကို စစ်ရေးအရ အထူးသတိထား စောင့်ကြည့်လျက်ရှိသည်ဟု AA က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် “ဆံတော်ရှင်ဘုရားပွဲကျင်းပမည့်အပေါ် ဝင်ရောက်စွက်ဖက်ချယ်လှယ်မှုများဆက်လက်ပြုလုပ်နေပါက ရခိုင်ပြည်သူလူထုများအနေဖြင့် ဘုရားပွဲတောသ်ုိ့ သွားရောက်မည့်ကိစ္စအား ဆင်ခြင်သုံးသပ်ကြရန် လေးစားစွာအကြံပြုအပ်သည့်အပြင် စစ်ရေးသတိရှိကြရန်လည်း သတိပေးသည့်အနေဖြင့် ဤကြေညာချက်အား ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြထားသည်။

ဆံတော်ရှင်ဘုရားပွဲကို ကိုဗစ်အခြေအနေများကြောင့် ၂ဝ၁၉ ခုနှစ်မှစ၍ မကျင်းပခဲ့ရသဖြင့် ယခုနှစ်တွင် စည်ကားစွာကျင်းပနိုင်ရေးဆောင်ရွက်နေချိန်တွင် ဒီဇင်ဘာ ၃ ရက်က အင်အား ၁ဝဝ ကျော်သည့် ရဲနှင့် စစ်တပ်ပူးပေါင်းအဖွဲ့များ ရောက်ရှိလာသဖြင့် ဒေသခံများအကြားစိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြကြောင်း သိရသည်။

ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက “ဦးလေးတို့သိထားတာက သူတို့က လမ်းလုပ်ဖို့လာတယ်လို့ပဲ သိထားတယ်။ ဒါပေမယ့် သူတို့ ရှိရင် ဘယ်ဘုရားဖူးကလာတော့မလဲ။ ဘုရားပွဲမှာ စျေးရောင်းမယ့်သူတွေမှာလည်း အကုန်ဆုံးရှုံးကြလိမ့်မယ်။ အစိုးရနဲ့ အေအေနှစ်ခုလုံးက ဘာသာရေးပွဲကို အလေးထားစေချင်တယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းအား မေးမြန်းရာ ၄င်းမှာ တပ်မတော်သားများက လမ်းလုပ်ရန် ရောက်ရှိနေခြင်းကိုသာသိရှိရပြီး စစ်တပ်ပိုင်းဆိုင်ရာ အကြောင်းအရာများအား သိရှိထားခြင်းမရှိကြောင်း ဒီဇင်ဘာ ၅ ရက်က နိရဥ္စရာကို ပြောဆိုထားသည်။

ယင်းနောက် တပ်မတော်သားများက ဘုရားတောင်ပေါ်သို့ လာရောက်သူများအား စစ်ဆေးမှုများ၊ အနီးအနားကျေးရွာများမှ သွားလာသူများ၊ ဘုရားပွဲမှ စျေးရောင်းချသူများအား မေးမြန်းစစ်ဆေးမှုအချို့ရှိလာခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဆံတော်ရှင်ဘုရားပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှ ၂ဝ ရက်အတွင်း စည်စည်ကားကားကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...