ပေါ်တာ မပေးနိုင်သဖြင့် အုပ်ကြီးများ ရှောင်နေရ

ပေါ်တာ မပေးနိုင်သဖြင့် အုပ်ကြီးများ ရှောင်နေရ

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့တွင် စစ်ကောင်စီ၏ ပေါ်တာအဖြစ်အသုံးပြုရန် လူတောင်းထားခြင်းကို မပေးနိုင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းကတည်းက ကျေးရွာတစ်ရွာလျှင် လူဦးရေ ၅ ယောက် မှ အယောက် ၂၀ အထိ ပေးရမည် ဟု စစ်ကောင်စီက ဆင့်ဆိုခဲ့ရာ မပေးနိုင်သဖြင့် တိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

”တပ်က နောက်တကြိမ်လာတော့ အုပ်ကြီးကရှောင်နေတယ်။ ၁၀ အိမ်မှူး လာပါပြောတော့ သူ့အမေက ၁၀ အိမ် မှူး မဟုတ်တော့ဘူး ထွက်လိုက်ပြီလို့ ပြောလိုက်တော့ မကျေမချမ်းပြန်သွားတယ်” ဟု သံပုရာကျေးရွာက  အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါ သံပုရာကျေးရွာအပြင် အနီးက တောင်မြင့်ကျေးရွာကိုလည်း လျှပ်စစ်မီးများ ဖြတ်ထားသဖြင့် ရွာ သူရွာသားများ သတိအနေအထားနှင့် နေကြရသည်ဟု ဒေသခံများက ပြောသည်။

”မီတာမဆောင်တဲ့ရွာတွေ ရွာလုံးကျွတ်မီးဖြတ်တာတွေရှိတယ်။ တောင်မြင့်က ဘာကြောင့် ဖြတ်မှန်း မသိဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ကံမမြို့တွင် သရက်နှင့် ကံမ PDF များပူးပေါင်း၍ စစ်ကောင်စီကို ပျောက်ကြား တိုက်ခိုက်နေမှုများ တွေရှိနေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၂ နာရီခန့်ကလည်း ပြည်မြို့သွားသို့သည့် လမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ဂိတ်ကို တိုက်ခိုက်ခဲ့သည်။

သရက်နှင် ကံမ PDF အဖွဲ့များ တိုက်ခိုက်ခဲ့သည့် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုကြမ်းတမ်းသည့် ဒန်းကိုင်း စစ်ဆေးရေးဂိတ်ဖြစ်သည်။

အဆိုပါဂိတ်ကို သရက်နှင့် ကံမ PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ ဒန်းကိုင်စစ်ဆေးရေးဂိတ်တွင် နှစ်ဘက်ကြား အပြန်အလှန်ပစ်ခတ်များရှိခဲ့သည်ဟု သရက်နှင့် ကံမ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...