ဘားအံမှာ စစ်ကောင်စီ ရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဘားအံမှာ စစ်ကောင်စီ ရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါးဘိုတေားနှင့်ကမမောင်းလမ်းကြားရှိ ညောင်ကုန်းနဲ့နိုးရားကျေးရွာကြားမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

ယနေ့မနက်ပိုင်း ၃ နာရီကျော်ခန့်မှာ ကား ၇ စီးနဲ့လာတဲ့ စစ်ကောင်စီရိက္ခာကားတန်းကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

"ဖြစ်တာက မနက်အစောပိုင်းမှာဖြစ်တာ။ စကစ ရိက္ခာကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်။ သူတို့ကားတွေ အများစုက မီးတောင်မဖွင့်ဘဲ မောင်းလာကြတာ။ ဒီဘက်မှာတော့ သူတို့ဘက်ကမကြာခဏာ မိုင်းဆွဲခံရတာတွေရှိတယ်''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး ကျန်ရိက္ခာတင်ကားတွေက လူနဲ့ရိက္ခာတွေကို တင်ဆောင်ပြီး ကမမောင်းဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကေအဲန်ယူ-သထုံခရိုင် ဘားအံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ BGF တပ်ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ကားတွေပျက်စီးတာ လူတွေထိခိုက်သေဆုံးတာတွေ ရှိနေတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...