သထုံမှာ CDM ပညာရေးဝန်ထမ်းနှစ်ဦး ထပ်မံ ဖမ်းဆီးခံရ

သထုံမှာ CDM ပညာရေးဝန်ထမ်းနှစ်ဦး ထပ်မံ ဖမ်းဆီးခံရ

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်ပိုင်းမှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်း မောင်နှမ ၂ ဦး ဖမ်းဆီးခံရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေက ဦးမင်းနောင်နဲ့ဒေါ်ဇာခြည်ဦးတို့ မောင်နှမ ၂ ယောက်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၇နာရီဝန်းကျင်ခန့်မှာ ဦးမင်းနောင်နဲ့ဒေါ်ဇာခြည်ဦးတို့ မောင်နှမ နှစ်ယောက်ဟာ မိဘတွေရဲ့နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

"ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ မသိရဘူး။ သူတို့ကို ဖမ်းတဲ့အချိန် သေနတ်ပစ်ဖောက်ခဲ့သေးတယ်လို့ သိရတယ်။ နှစ်ယောက်စလုံးက ပညာရေးဝန်ထမ်းတွေဖြစ်တယ်။ CDM လုပ်ထားကြတာ။ ဒလန်သတင်းပေးကြောင့် အတိအကျနဲ့လာဖမ်းသွားတာ''လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း သထုံမြို့ရှိ မိုင်တဲရုံးနဲ့မီးရထားလမ်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆိုင်ကယ်ပြင်ဆိုင်က လုပ်သား ၃ ဦးနဲ့smile စားသောက်ဆိုင်မှာ စားသောက်နေတဲ့ ဒေသခံ ၉ ဦးခန့် ဖမ်းဆီးခံရသေးတယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ညမှာလည်း သထုံရွှေစာရံဘုရားရှေ့ စစ်ကောင်စီကားတစ်စီး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး Sunday KTV ဆိုင်က ဆိုင်ရှင်နဲ့ဝန်ထမ်းတွေအပါအဝင် ၁၉ ဦးခန့် ဖမ်ဆီးခံခဲ့ ရပါသေးတယ်။

ဒီဇင်ဘာလအတွင်း သထုံမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...