ထန်တလန်မြို့တွင်းတိုက်ပွဲ CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အလောင်းပြန်မရ

ထန်တလန်မြို့တွင်းတိုက်ပွဲ CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အလောင်းပြန်မရ

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စစ်ကောင်စီတပ်နှင့် CDF- ထန်တလန်တပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ပိုင်း ၂ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် CDF တပ်ဖွဲဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့၏ အလောင်းကို သယ်ယူနိုင်ခြင်းမရှိသေးကြောင်း CDF- Thantlang မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မနေ့က တိုက်ပွဲက ပစ်ခတ်တဲ့အချိန်တော့ နာရီဝက်လောက်ပဲကြာတယ်။ ၂ ယောက်ကတော့ သေချာတယ်။ ၁ ယောက်ကတော့ စုရပ်မှာ မစု၊ ရောက်လည်းမရောက်လာတော့ သူလည်း ပါကောင်းပါနိုင်တယ်ရှိတာ ဒါပေမယ့် သူက သေတာလား၊ ဖမ်းတာလားဆိုတာတော့ သိပ်မသေချာဘူး။ အခု အချိန်ထိ အလောင်းကယူလို့မရသေးဘူးပေါ့။ အလောင်းယူဖို့လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။ အလောင်းကမရသေးတော့ အတိအကျပြောလို့မရသေးဘူး။ ဒဏ်ရာရတဲ့သူက ၅ ယောက်ရှိတယ်” ဟု CDF- Thantlang မှပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

အဆိုပါ ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားမှု မည်ကဲ့သို့ စတင်ဖြစ်ပွားခဲ့သည်ကိုမူ အတိကျပြောဆို၍ မရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က သေဆုံးမှုရှိမရှိကိုလည်းအတည်ပြု၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါမြို့တွင်းတိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မြို့တွင်း ဇုံမွှန်ရပ်ကွက်မှ လူနေအိမ် ၁၈ အိမ်နှင့် ညနေ ၆နာရီ နောက်ပိုင်းတွင်လည်း ဘုရားကျောင်းရပ်ကွက်က ၅ အိမ်ထပ်မံမီးလောင်ကျွမ်းခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်များ၏ ရှို့မီးကြောင့် ဘုရားကျောင်း ၅ ကျောင်းအပါအဝင် လူနေအိမ်စုစုပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းသွားပြီဖြစ်သည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...