စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ရှို့မီးကြောင့် ထန်တလန်မြို့တွင် အိမ်ခြေ ၅၀၀ ကျော်ပြာကျခဲ့ရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ရှို့မီးကြောင့် ထန်တလန်မြို့တွင် အိမ်ခြေ ၅၀၀ ကျော်ပြာကျခဲ့ရ

ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာ လမှ ဒီဇင်ဘာလဆန်းအထိ ဘုရားကျောင်းများအပါအဝင် လူနေအိမ်ခြေ ၅၀၀ ကျော်လောင်ကျွမ်းခဲ့ရပြီး ယင်းသည် မြို့ပေါ်အိမ်ခြေ၏ လေးပုံတစ်ပုံကျော်ပျက်စီးခဲ့သည်။

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာ သိမ်း စစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့် နောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်း ဖြစ်သည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့်တမင်တကာမီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု CDF-Thantlang မှပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စက်တင်ဘာလကနေ နောက်ဆုံးလောင်တဲ့အထိနဲ့ဆိုရင် ၅၃o အိမ်ဝန်းကျင်ဆိုတော့ လေးပုံတစ်ပုံကျော်ကျော်လိုု့ပြော လို့ရမယ်။ မီးလောင်တာက ၁၁ ကြိိမ်မြောက်ရှိပြီ” ဟု CDF- ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရမီးကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မွန်၊ လုံတီာလ်း၊ စျေး၊ စိုက်ပျိုးေ ရးနှင့် ဘုရာကျောင်းရပ်ကွက်တို့တွင်အများဆုံးမီးလောင်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အိမ် ၁၉ လုံး၊ အောက်တို ဘာလ ၂၉ တွင် ၁၆၄ လုံး၊ နိုဝင်ဘာလ ၆ ရက်မှ ၂၉ ရက်အတွင်း အိမ် ၂၇၈ လုံး၊ ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် အိမ်ခြေ ၅၇ လုံး စုစုပေါင်း အိမ်ခြေ ၅၁၈ လုံး လောင်ကျွမ်းပြာကျခဲ့ရသည်ဟု Thantlang Placement Affairs Committee – IDPs Help အဖွဲ့၏ စာရင်းမှတ်တမ်းအရသိရသည်။

အဆိုပါမီးလောင်ကျွမ်း မှုထဲတွင် ထန်တလန်မြို့ပေါ်ရှိ Church on the Rock၊ Presbyterian Church၊ Thantlang Centenary Baptist Church၊ United Pentecostal Church၊ St.Nicholas’ Catholic Church စသည့် ဘုရားကျောင်း ၅ ကျောင်းသည်လည်း မီးလောင်းပျက်စီးခဲ့ရသည်။

ထန်တလန်မြို့အစောပိုင်းမီးလောင်မှုများသည် စစ်ကောင်စီတပ်ဖွဲ့များမှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများကြောင့် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း နောက်ပိုင်းမီးလောင်မှုများမှာ စစ်ကောင်စီက တမင်တကာမီရခဲ့ခြင်းဖြစ် ပြီး သက်သေအထောက်အထားများလည်းရှိသည်ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“အဓိကတော့ သူတို့တမင်သက်သက်မီးရှို့တာပဲ သူတို့ဝင်တဲ့ချိန်မှာ ဝင်ပြီးထွက်လာတဲ့ချိန်မှာ မီးခိုးကတခါတည်းထွက်လာ တာပေါ့နော အဲဒါကျနော် ဒုန်းသက်သေလည်းရှိတယ်၊ ဗီဒီယိုနဲ့ရိုက်ထားတဲ့သက်သေအထောက်အထားတွေလည်းရှိတယ်၊ နောက်ဆုံးလောင်ထားတဲ့ဟာတွေကတော့ လက်နက်ခဲယမ်းတွေကြောင့်မဟုတ်ဘူး တမင်သက်သက်မီးရှို့တာသူတို့က’’ ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ထန်တလန်မြို့ပေါ်ရှိပြည်သူများမှာ စက်တင်ဘာလ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် မြို့ပေါ်တွင်မနေရဲတော့ပဲ အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာများနှင့် တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ယခုလက်ရှိ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သာရှိနေပြီး CDF-Thantlang တပ်ဖွဲ့နှင့် ပစ်ခတ်မှုမကြာမကြာဖြစ်ပွားလေ့ရှိသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...