မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းစာမျက်နှာတွေကို Facebook ကဖယ်ရှား

မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းစာမျက်နှာတွေကို Facebook ကဖယ်ရှား

Meta ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ Facebook နဲ့ အင်စတော်ဂရမ် စာမျက်နှာ ၊ Groups နဲ့ ကိုယ်စားပြုတဲ့ အကောင့်တွေကို ဖယ်ရှားမယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီနေ့ နေ့လည်မှာပဲ မြန်မာစစ်တပ်နဲ့ ဗီယက်နမ် စစ်တပ်တို့ ဖက်ဆက်လုပ်ကိုင်တဲ့ Mytel တယ်လီကွန်ရဲ့ Facebook စာမျက်နှာ ကိုဖယ်ရှားလိုက်ပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ တိုက်ရိုက်ပါဝင်နေတယ်ဆိုတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တင်ပြထားတဲ့ စာရွက်စာတမ်းတွေပေါ်အခြေခံပြီးတော့ လုပ်ဆောင်တာလို့လည်း ဆိုထားပါတယ်။

ဒီလိုဖယ်ရှားမှုတွေက ၂၀၁၉ ခုနှစ်က UN fact-finding Mission on Myanmar 2019 အစီရင်ခံစာကိုအခြေခံထားပြီး ကုလသမဂ္ဂရဲ့ လမ်းညွှန်မှုစဉ်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တခြားမြန်မာ့စစ်တပ်ရဲ့စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...