ရခိုင်မှ စစ်ဘေးရှောင်စခန်း ၉ ခုကို ကုမ္ပဏီတစ်ခုက အနွေးထည် ၂ ထောင်ကျော်လှူဒါန်း

ရခိုင်မှ စစ်ဘေးရှောင်စခန်း ၉ ခုကို ကုမ္ပဏီတစ်ခုက အနွေးထည် ၂ ထောင်ကျော်လှူဒါန်း

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၉ ကို ကြည်ရွှင်ကုမ္ပဏီပိုင်ရှင်က အမျိုးသမီးဝတ်အနွေးထည် အထည် ၂,၁၀၀ ကျော်လှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါအနွေးထည်များကို  ဒီဇင်ဘာ ၇ ရက်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ကြည်ရွှင်ကုမ္ပဏီကိုယ်စား သွားရောက်လှူဒါန်းခဲ့သည့် ကေသီဦးကုန်သွယ်ပို့ဆောင်ရေး ကားဂိတ်မန်နေဂျာ ဦးမောင်ဝင်းရွှေက ပြောသည်။

“ကျနော်တို့ကို ဒီ တရုတ်ကုမ္ပဏီပိုင်ရှင်က တစ်ဆင့်လှူခိုင်းတာပါ။ ဆောင်းရာသီလည်း ရောက်ပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် အခက်ခဲဖြစ်နေမှာစိုးလို့ပါ”ဟု ပြောသည်။

လှူဒါန်းခဲ့သော စစ်ဘေးရှောင်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ အထက်မြတ်လှဲစစ်ရှောင်စခန်း၊ ဗန်ဗွီးစစ်ရှောင်စခန်းနှင့် ကျောက်တော်မြို့နယ်မှ ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် မြို့ပေါ်မှ စစ်ရှောင်စခန်းများဖြစ်ကြသော သာသနာ့ဗိမာန်စစ်ရှောင်စခန်း၊ ရှမ်းရွာစစ်ရှောင်စခန်း၊ ရွှေကျောင်းစစ်ရှောင်စခန်း၊ ခရစ်ယာန်သာသနာပြုကျောင်းစစ်ဘေးရှောင်စခန်း၊ မြို့တော်ခန်းမစစ်ဘေးရှောင်စခန်းနှင့် ရွှေကျောင်းစစ်ဘေးရှောင်စခန်းတို့ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ စားဝတ်နေရေး မပြေလည်ချိန်၊ ဆောင်းရာသီကာလကိုရောက်သောအချိန်တွင် လှူဒါန်းခြင်းသည် စစ်ဘေးရှောင်များအတွက် အလွန်ဝမ်းသာစရာကောင်းပြီး လှူဒါန်းသူများကိုလည်း ကျေးဇူးတင်ကြောင်း ရွှေကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းခင်က ပြောသည်။

“စားဝတ်နေရေးတောင် သူများဆီကထောက်ပ့ံပြီးမှ စားရတဲ့အခြေအနေမျိုးမှာ အနွေးထည်ဝယ်ဝတ်နိုင်ဖို့က ပိုခက်ခဲပါတယ်။ တကယ်ဝမ်းသာမိပါတယ်။ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်”ဟုပြောသည်။

ရခိုင်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၈ သောင်းခန့်ရှိနေသေးပြီး ဆောင်းရာသီဝင်ရောက်လာပြီဖြစ်၍ စောင်နှင့် အနွေးအထည်များ အရေးတကြီးလိုအပ်လျက်ရှိနေသေးသည်ဟုလည်း သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...