စစ်ကောင်စီ တပ်ဖွဲ့များက သံပုံးတီးသည့် ရပ်ကွက်အတွင်းက ကားမှန်များအား ရိုက်ခွဲ

စစ်ကောင်စီ တပ်ဖွဲ့များက သံပုံးတီးသည့် ရပ်ကွက်အတွင်းက ကားမှန်များအား ရိုက်ခွဲ

ကမာရွတ်မြို့နယ်၊ သံပုံးတီးသပိတ် ပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းအတွင်း ရပ်ထားသည့် ကားများ၏ မှန်များရိုက်ခွဲခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြော သည်။

ဒီဇင်ဘာလ ၇ ရက်နေ့၊ ည ၈ နာရီ အချိန်က ၃ ရပ်ကွက် ရတနာလမ်းအတွင်း သံပုံးတီးသပိတ် ပြုလုပ်နေစဉ် ကားအစီးရေ ၃၀ ခန့်၏ မှန်များ ရိုက်ခွဲခံခဲ့ရခြင်း ဖြစ်သည်။

“သံပုံးစတီးပြီး သိပ်မကြာဘူး။ သူတို့အိမ်စီးကားတစ်စီးနဲ့ ရောက်လာပြီး သေနတ်ဖောက်ပြီး ရပ်ထားတဲ့ ကား တွေရဲ့မှန်ကို စရိုက်တော့တာ။ အိမ်တွေကိုလည်း မီးတွေမှိတ်ခိုင်းတယ်။ လေးခွတွေနဲ့လည်း ပစ်တယ်” ဟု ရတ နာလမ်းအတွင်း နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် ရတနာလမ်းအတွင်းရှိ ကားအစီးရေ ၃၀ ကျော် ပျက်စီးခဲ့ ပြီး နေအိမ်တိုက်ခန်းအချို့လည်း လေးခွဖြင့် ပစ်ခံရသဖြင့် ပြတင်းပေါက် မှန်များကွဲသွားသည်ဟု သိရသည်။

“ကျနော်ကားက ရှေ့လေကာမှန်ကွဲသွားတယ်။ တချို့ကားတွေဆို ဘေးမှန်တွေရော နောက်မှန်တွေ ရော ရိုက်ခွဲ သွားတာ။ ဆဲလဲဆဲ ရိုက်လဲရိုက်” ဟု ကားမှန်ရိုက်ခွဲခံရသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရတနာလမ်းတလျှောက် လမ်းတစ်ဝက်လောက်အထိ ကားများကို ဖျက်ဆီးခဲ့ပြီး သေနတ်ပစ်ဖောက်ခြင်း၊ အသံဗုံးဖောက်ခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများကဆို သည်။

ထို့အတူ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သတင်းပေးမှုကြောင့် လမ်းအတွင်းနေထိုင်သူ အယောက် ၃၀ ကျော်ကို နာမည်စာရင်း အတိအကျဖြင့် ဖမ်းဆီးသွားခဲ့ပြီး ဖုန်းများပါ ယူဆောင်သွားသည်ဟု သိရသည်။

ရတနာလမ်းအတွင်းက ပြည်သူ အယောက် ၃၀ ကျော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက် အကြောင်းအရာများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...