ရန်ကုန်တွင် NLD အမာခံ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တွင် NLD အမာခံ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရ

ရန်ကုန် လမ်းမတော်မြို့နယ်အတွင်း ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက NLD အမာခံ ထောက်ခံသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံလိုက်ရသည်။

လမ်းမတော်မြို့နယ်၊ ၉ ရပ်ကွက်တွင် နေထိုင်သူ မခင်မျိုး (ခေါ်) မခင်နေမျိုးသည် ၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ပါတီ ၏ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသူ တစ်ဦး ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

“သူဆိုင်ဖွင့်နေတဲ့အချိန် ကားနဲ့လာပစ်သွားတာ။ ပလာတာရောင်းတဲ့ အမျိုးသမီးလည်း ခြေထောက်ထိသွား တယ်။ သူက သတင်းပေးတာတွေ ဘာတွေလည်း မလုပ်ဘူး။ ပျူစောထီးအဖွဲ့က လာပစ်သွားတာလို့ပဲ အကုန် လုံးက ယူဆနေကြတယ်” ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဇော်ဂျီလမ်းဓမ္မာရုံရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် မခင်မျိုး (ခေါ်) မခင်နေမျိုး၏ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သေနတ် ဒဏ်ရာ ၃ ချက်ရရှိကာ သေဆုံးသွားခဲ့သည်။

ထို့အပြင် မခင်မျိုး၏ ဆန်ဆိုင်အနီးတွင် ပလာတာရောင်းနေသည့် မသင်းသင်းအိ၏ ခြောက်ထောက် တွင်လည်း သေနတ်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ မခင်မျိုး (ခေါ်) မခင်နေမျိုး သည် ဆန်ဆိုင်ဖွင့်ရောင်းချနေရင်းပင် ပရဟိတလုပ်ငန်းများကို စိတ်အား ထက်သန်စွာ ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။

“သူ့အိမ်နဲ့ ဆိုင်နဲ့က ပေ ၅၀ လောက်ကွာတယ်။ သူစျေးရောင်းလို့ရတာကို သူခွဲပြီး လှူသင့်လှူထိုက်တဲ့ သူကို သူလှူ တယ်။ ရပ်ကွက်ထဲမှာလည်း အရမ်းနာမည်ကြီးတဲ့ သူလည်းမဟုတ်ဘူး” ဟု ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဆုံဆည်းရာ ပရဟိတအသင်း၏ အရေးပေါ် လူနာတင်ယာဉ်၏ မတည် အလှူရှင်တစ်ဦးလည်း ဖြစ်သည်ဟု အဆို ပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဒေသများတွင် စစ်တပ်နှင့် KNLA...