အရပ်သားတွေကို ဖမ်းဆီးပြီး ငွေကျပ် သိန်း(၂၀)ကျော်ပေးမှ ပြန်လွှတ်ပေး

အရပ်သားတွေကို ဖမ်းဆီးပြီး ငွေကျပ် သိန်း(၂၀)ကျော်ပေးမှ ပြန်လွှတ်ပေး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်ဆီးပြီး ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ လူငယ်တွေနဲ့ဒေသခံပြည်သူတွေကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်တာနဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးပြီးနောက် အပြစ်တစ်စုံတစ်ရာ မတွေ့ရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိသားစုဝင်တွေဆီမှာ တစ်ဦးကို အနည်းဆုံး ကျပ် ၅ သိန်းကနေ ၂၅ သိန်း တောင်းယူပြီးမှ ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ဖမ်းဆီးထားတဲ့အထဲက လူအခြေနေကြည့်ပြီးတော့ ငွေတောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက်ပေးရတာက မတူဘူး။ သိရတာက တစ်ယောက်ကို အနည်းဆုံး ၅ သိန်းကနေ ၂၅ သိန်းလောက်ထိပေးကြရတယ်။ ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ မပေးနိုင်ရင် ထောင်ချခံရမယ်။ ပေးရင် ဘာအမှုမှ လိုက်စရာမလိုဘူးလို့ ပြောဆိုတောင်းတာတွေရှိတယ်။ သူတို့တွေက ဖမ်းသွားတယ်ဆိုတာနဲ့စစ်ကြောရေးကိုခေါ်သွားတာ။ စစ်ဆေးပြီးလို့ ဘာမှ မဆိုင်ဘူးဆိုတဲ့ သူတွေကို ပိုက်ဆံနဲ့ရွေးခိုင်းတာ။ မိဘတွေက ကိုယ့်သားသမီးတွေ နစ်နာမှာစိုးလို့ ပေးပြီး ပြန်ရွေးရတာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထားဝယ်မြို့နယ်မှာတော့ နိုဝင်ဘာကနေ ဒီဇင်ဘာ ၆ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ ၆၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး၊ အဲဒီထဲက ၃၀ နီးပါး ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၃၀ ကျော်ကိုတော့ စစ်ကောင်စီက ၅၀၅(က) အပြင် အကြမ်းဖက် ဥပဒေတွေနဲ့ပါ အမှုဖွင့်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...