တရုတ်မဝယ်လို့ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေ ဖရဲစိုက်တောင်သူတွေ ရင်ဆိုင်နေရ

တရုတ်မဝယ်လို့ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေ ဖရဲစိုက်တောင်သူတွေ ရင်ဆိုင်နေရ

တရုတ်နိုင်ငံက ဖရဲသီး မဝယ်သေးတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဖရဲသီးတွေဟာ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ ထွက်ရှိနေတဲ့ ဖရဲသီးကို တရုတ်ဈေးကွက်အား အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းတချို့ကို ပြန်လည် ဖွင့်လှစ်လိုက်ပေမယ့် ဖရဲသီးမဝယ်သေးလို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။

တရုတ်က ဖရဲသီးမဝယ်သေးလို့ ပြည်တွင်းဈေးကွက်မှာ ရောင်းချနေရမယ့် ရောင်းလိုအားထိုးကျမှုကို ရင်ဆိုင်နေရသလို ကုန်ကျစရိတ်ပြန်ရဖို့မပင် မနည်းကြိုးပမ်းနေရတယ်လို့ ဖရဲစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

“ လက်ရှိကတော့ ပွဲရုံတွေကိုလည်း ဖုန်းဆက်တော့လည်း မလာသေးပါနဲ့ အခြေအနေ မကောင်းသေးဘူးတဲ့ ။ ခုတော့ စိုက်တဲ့စရိတ်နဲ့ မြေသြဇာစရိတ်နဲ့ လှိမ့်ပိတ်ပြီးတော့ နေနေရတယ်” လို့ ဆိုပါတယ်။

ပြည်တွင်း ဖရဲသီးဈေးကွက်မှာလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ဝယ်ယူစားသုံးသူ နည်းပါးလာတဲ့အတွက်ကြောင့် အရင်ကထက် ရောင်းလိုအား ၃ ဆနီးပါး ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဖရဲသီးဈေးနှုန်းဟာ အရွယ်အစားအပေါ် မူတည်ပြီး တစ်လုံးကို ကျပ် ၂၀၀၀ ကနေ ကျပ် ၅၀၀၀ လောက်ထိ ပေါက်ဈေးရှိနေပေမယ့် ဝယ်ယူစားသုံးသူ နည်းပါးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် ဖရဲစိုက်ပျိုးသူတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ဖရဲသီးကုန်သည်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဖရဲသီးကို မော်လမြိုင်၊ ကျိုက်မရောနဲ့ ပေါင်မြို့နယ် အပါအဝင် မြို့နယ်အများစုမှာ စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...