စစ်တွေလေဆိပ်သို့ဆင်းသက်သည့်လေယာဉ်တစ်စီး အင်ဂျင်စက်သတ်မရ၍ ခရီးသည်များကို အရေးပေါ်တံခါးမှအတင်အချပြုလုပ်ရ

စစ်တွေလေဆိပ်သို့ဆင်းသက်သည့်လေယာဉ်တစ်စီး အင်ဂျင်စက်သတ်မရ၍ ခရီးသည်များကို အရေးပေါ်တံခါးမှအတင်အချပြုလုပ်ရ

ရခိုင်ပြည်နယ်၊ စစ်ွတွေလေဆိပ်သို့ ရန်ကုန်မှလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်တစ်စင်းသည် ဝဲဘက်အင်ဂျင်စက်သတ်မရ၍ ခရီးသည်များအား အရေးပေါ်တံခါးမှ အတင်/အချပြုလုပ်ပြီး ဆက်လက်ထွက်ခွာသွားခဲ့ရကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ခရီးသည် ကျား ၅၀ ဦးနှင့် မ ၂၄ ဦး၊ ပေါင်း ၇၄ ဦးအား တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ယင်းသို့ ရောက်ရှိစဉ် လေယာဉ်၏ ဝဲဘက်အင်ဂျင်စက်သတ်၍ မရသောကြောင့် ခရီးသည်များ ပုံမှန် တက်/ဆင်းပြုလုပ်သော ဝဲဘက်တဲခါးပေါက်အား ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ယာဘက်ရှိ အရေးပေါ်တံခါးမှ ခရီးသည်များကို အတင်/အချပြုလုပ်ခဲ့ရကြောင်း ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ပြုလုပ်ခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် ကျား ၃၈ ဦး၊ မ ၄၁ ဦး၊ ပေါင်း ၇၉ ဦးတင်ဆောင်ကာ စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားပြီး ခရီးသည်နှင့် လေယာဉ်ထိခိုက်မှုမရှိဘဲ လိုရာခရီးသို့ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် နံနက်ကလည်း ရန်ကုန်မှ ခရီးသည် ၂၈ ဦးတင်ဆောင်၍ထွက်ခွာလာသည့် Air KBZ လေယာဉ်တစ်စီးသည် စစ်တွေလေဆိပ်သို့ဆင်းသက်စဉ် သိန်းငှက်တစ်ကောင်အားတိုက်မိမှုဖြစ်ပွားခဲ့သေးသည်။

ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ညာဘက်တောင်ပံ အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...