ခန္တီးမြို့တွင် စက်သုံးဆီစျေးစတင်ပြတ်လပ်၊ တစ်ဂါလံတစ်သောင်းကျပ်ဖြစ်နေ

ခန္တီးမြို့တွင် စက်သုံးဆီစျေးစတင်ပြတ်လပ်၊ တစ်ဂါလံတစ်သောင်းကျပ်ဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မမှာ စက်သုံးဆီများ စတင်ပြတ်လပ်နေ၍ တစ်ဂါလံ တစ်သောင်းကျပ်စျေးနှုန်းဖြစ်နေကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရသည်။

“ ဆီကအခု တစ်ဂါလံကို တစ်သောင်းဖြစ်နေတယ်။ လျှော့ရောင်းတာပေါ့သူတို့လည်းမနေ့ကတော့  တစ်ဂါလံရှစ်ထောင်နဲ့ရတယ်။  ဆိုင်တွေက များများဝယ်ရင်တော့မရောင်းဘူး တစ်ဂါလံကလေး၊ တစ်ဗူးနှစ်ဗူး အဲ့လိုမျိုးဝယ်ရင်တော့ ရောင်းပေးတယ်။ လှောင်ထားတဲ့ ကုန်ပျက်သွားတာပေါ့ ။ ထပ်မရောက်တာပေါ့နော့် “ ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

စက်သုံးဆီစျေးများသည် လွန်ခဲ့သည့်တစ်ပတ်က တစ်ဂါလံ ၆၅၀၀ ကျပ်မှ လက်ရှိတွင် တစ်သောင်းကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ချင်းတွင်းမြစ်ကြောင်းတလျှောက် မုံရွာ- ကနီအထိ ဒေသခံ ကာကွယ်ရေးတပ်များနဲ့ စစ်ကောင်စီတပ်တို့က တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပျက်တောက်မှုများနှင့်ကြုံနေရကြောင်း ပြောဆိုမှုများရှိသည်။

ခန္တီးမြို့ရဲ့ ကုန်စည်စီးဆင်းမှုတွေကို အဓိကရေကြောင်းကနေ အသုံးပြုနေရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးများသည် စက်တင်ဘာလကုန်တွင် တစ်ဂါလံ တစ်သောင်းကျပ်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင်တစ်ဂါလံ ၆ ထောင်ဝန်းကျင်တွင်ရှိနေသည်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...