မုတ္တမမှာ (၅၀၀)ကျပ်တန် ထမင်းဆိုင် ဖွင့်လှစ်ရောင်းချ

မုတ္တမမှာ (၅၀၀)ကျပ်တန် ထမင်းဆိုင် ဖွင့်လှစ်ရောင်းချ

ပေါင်မြို့နယ် မုတ္တမကျေးရွာ သံလွင်တံတားထိပ်(မုတ္တမ)ဘက်ခြမ်းရှိ ဇေတဝန်ရပ် ဆွပ်လောင်းဇရပ်မှာ အခြေခံလူတန်းစာတွေ ဝယ်ယူစားသုံးနိုင်ဖို့ ငါးရာတန်ထမင်းဆိုင် ဖွင့်လှစ်ရောင်းချပေးနေပါတယ်။

ထမင်းနဲ့ ဟင်းတစ်ပွဲအပါအဝင် ငပိရည် ၊ တို့စရာအစုံကို ငါးရာကျပ်နှုန်းဖြင့် ဒေသခံအလှူရှင်တွေက ရောင်းချပေးနေတာပါ။

ပုံမှန်ဟင်းလျားတွေနေနဲ့ အသားငါးမျိုးစုံ၊ ကြက်ဥ၊ ဘဲဥ၊ ပဲ၊ သီးစုံဟင်းရည်တွေအပါအဝင် ငါးပိတို့စရာမျိုးစုံပါ ပါဝင်တယ်လို့ ဆိုပါတယ်။

အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားပေမယ့် မည်သူမဆို လာရောက်အားပေးနိုင်တယ်လို့ ငါးရာတန်ထမင်းဆိုင်မှာ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

" အခြေခံလူတန်းစာတွေကို ရည်ရွယ်ထားတယ်ဆိုပေမယ့် ဒီကာလကအားလုံးလိုလိုအဆင်မပြေတော့ မည်သူမဆိုလာရောက်အားပေးနိင်တယ်၊ အဓိက ရေရှည်ရပ်တည်နိုင်ဖို့ အလှူရှင်လိုအပ်တယ်၊ အခုထက်ဝက်အရှုံးခံရောင်းနေတာဆိုတော့ တတ်နိုင်တဲ့ဘက်ကပေါ့၊ ငွေဆိုလဲလည်း ငွေပေါ့၊ ဆန်၊ ဆီ၊ ဆားကအစ လာလှူကြရင်တော့ ရေရှည်အဆင်ပြေတာပေါ့၊ နောက် ဝိုင်းဝန်းချက်ပြုတ်ဖို့ လုပ်အားအလှူလဲ လိုတယ်"လို့ ဆိုပါတယ်။

ငါးရာတန်ထမင်းဆိုင်ကို နေ့စဉ်ရောင်းချပေးနေပြီး မိသားစု ဆွေမျိုးအပေါင်းအသင်းအလိုက် လာရောက်စားသုံးနေသလို ချိုင့်ဆွဲပါဆယ် အားပေးသူတွေလည်း ရှိနေပါတယ်။

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါးလာမှုနဲ့အတူ ဝမ်းရေးခက်ခဲနေချိန်မှာ ငါးရာကျပ်တန်ထမင်းဆိုင်ဖွင့်လှစ်တာက မရှိဆင်းရဲသားတွေရဲ့ ဝမ်းရေးကို ဖြေရှင်းပေးရာရောက်တယ်လို့ ဆိုက်ကားဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...