မင်းတပ်မြို့တွင် မိုင်းနင်းမိ၍ မိခင်ဖြစ်သူသေဆုံး၊ လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်

မင်းတပ်မြို့တွင် မိုင်းနင်းမိ၍ မိခင်ဖြစ်သူသေဆုံး၊ လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်

ချင်းပြည်နယ် မင်းတပ်မြို့၌ ဒီဇင်ဘာလ ၅ ရက်နေ့ညနေပိုင်းက တောင်ယာမှပြန်လာသော သားအမိနှစ်ဦး နေအိမ်ရှေ့တွင် မိုင်းနင်းမိ၍ မိခင်ဖြစ်သူ ပွဲချင်းသေဆုံးပြီး လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်သွား၍ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။

“ဆုံးသွားတဲ့အမျိုးသမီးရဲ့အိမ်ရှေ့မှာတင်ပဲ ကလေးလေးက မြေမြုပ်မိုင်းကိုသွားနင်းမိတာ အဲဒီမှာလူကြီးနှစ်ယောက်က စကားပြောနေကြရတယ်၊ ကလေးကဆော့ရင်းနဲ့ မြေမြုပ်မိုင်းကိုသွားနင်းမိတော့ သူ့မိခင်က တခါတည်းဆုံးသွားတာပေါ့ သူ့အဒေါ်ကတော့ ခြေသလုံးမှာဒဏ်ရာရတယ်၊ ကလေးက ခြေထောက်တဖက်ပြတ်တယ်၊ တဖက်လည်းဒဏ်ရာရတယ်၊ ဦးခေါင်းကတော့ တော်တော်ပြင်းထန်တယ် ညက ပခုက္ကူဆေးရုံးကိုပို့ပေးလိုက်တယ်” ဟု မင်းတပ်မြို့မှ ပရဟိတအဖွဲ့ဝင် တစ်ဦးကပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၄၉ နှစ်အရွယ် ဒေါ်ဟုန်းအွယ်ဟုသိရပြီး ၎င်းတို့သားအမိသည် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသည့်အချိန်ကစ၍ မြို့ပေါ်မှာမနေရဲတော့ဘဲ တောင်ယာအခင်းထဲမှ တဲတွင်နေထိုင်ကြသူများဖြစ်ကြပြီး မြို့ပေါ်နေအိမ်သို့ တစ်ပတ်တခါ ပြန်လာလေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ကလေးမ၏ အဒေါ်ဖြစ်သူလည်း ခြေသလုံးတွင် ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟုသိရပြီး ယင်းမြေမြုပ်မိုင်းမှာ စစ်ကောင်စီဘက်က ထောင်ထားသည့်မိုင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...