ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ ပြည်နယ်တရားလွှတ်တော်ရုံး အရှေ့တွင် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။

ပေါက်ကွဲမှုကြောင့် တရားရုံး ဆိုင်းဘုတ်နှင့် အိမ်စီးကား ၃ စီး ပျက်စီးသွားသည်ဟု မျက်မြင်များက ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာနှင့် ကိုက် ၁၀၀ ခန့် အကွာမှ မြင်တွေ့ခဲ့သူ တစ်ဦး က "ဝုန်းဆို အသံကြားပြီးတော့ မီးခိုးတွေ အများကြီး ထွက်လာတယ်။ တရားရုံးဆိုင်းဘုတ်နားမှာ ကွဲတာဟုတ်တယ်။ အဲ့ဒီနားမှာ ရပ်ထားတဲ့ ကားသုံးစီးရဲ့ ရှေ့မှန်တွေ အက်ပြီးဘေးမှန်တွေ အကုန်ကွဲတယ်။ အသံအရမ်းကျယ်လို့ နားတောင် အရမ်း အူ သွားတယ်" ဟု ပြောသည်။

ပြည်နယ်တရားလွှတ်တော်ရုံး ဆိုင်းဘုတ်အောက်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု  မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကချင်ပြည်နယ် တရားလွှတ်တော်ရုံး အတွင်းမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဒေသများတွင် စစ်တပ်နှင့် KNLA...