ချောင်းဆုံက ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရ

ချောင်းဆုံက ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရ

စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဆေးတံလက်မှု လုပ်ငန်းတွေဟာ ခရီးသည် ဝင်ရောက်မှု နည်းပါးလာတာ၊ ပြည်တွင်း၊ပြည်ပက မှာယူသူ မရှိတော့တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

သစ်သားကို အခြေခံပြီး ဆေးတံ အပါအဝင် အခြား လက်မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေတဲ့ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတာ အခုဆိုရင် တစ်နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်း ဆက်လက် ပိတ်ထားရမယ်ဆိုရင် ရွာလွတ်ကျေးရွာက လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ လက်မှုပညာရှင် ဦးမန်းငွေဝင်းက ပြောပါတယ်။

ဆေးတံလက်မှုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချရပေမယ့် အခုအခါမှာတော့ မှာယူသူမရှိလို့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ချောင်းဆုံက ဆေးတံလက်မှု လုပ်ငန်းတွေ နည်းတူ မိသားစု တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကြိမ်ပတီး၊ ခမောက်စတဲ့ လက်မှုလုပ်ငန်းတွေလည်း လုပ်ငန်း ရပ်နားလာရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...