တရုတ် အာကာသယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်အတွင်းကျမည်

တရုတ် အာကာသယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်အတွင်းကျမည်
ရခိုင်ပင်လယ်ပြင်သို့ ၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့က တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်ပိုင်းတစ်ခု ကျရောက်စဉ် မြင်တွေ့ရပုံ။
ရခိုင်ပင်လယ်ပြင်သို့ ၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့က တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်ပိုင်းတစ်ခု ကျရောက်စဉ် မြင်တွေ့ရပုံ။

မြန်မာ့ရေပိုင်နက်ဖြစ်သည့် ရခိုင်ပြည်နယ် ပင်လယ်ပြင်အတွင်းသို့ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း တရုတ်နိုင်ငံမှ အာကာသယာဉ် Space Flight အပိုင်းအစများ ကျရောက်မည်ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က သတိပေး ထုတ်ပြန်ထားသည်။

သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းသိန်းက “ Speace Flight အပိုင်းအစတွေ ခန့်မှန်း သတ်မှတ်ရက် အတွင်း ကျရောက်မယ်လို့ အထက်က စာဝင်ထားပါတယ်။ လေကြောင်း၊ ရေကြောင်းများ အန္တရာယ် ကင်းရှင်း စေဖို့ အသိပေးကြေညာထားပါတယ်“ ဟု ပြောသည်။

Spaceflight အာကာသယာဉ်၏ အစိတ်အပိုင်းမှာ မာန်အောင်လေဆိပ်၏ အနောက်တောင်ဖက် ရေမိုင် ၂၈ မိုင်၊ သံတွဲလေဆိပ်မှ ရေမိုင် ၁၈ မိုင်၊ ပုသိမ်လေဆိပ်မှ ရေမိုင် ၆၁ မိုင် အတွင်း ကျရောက်မည်ဖြစ်သည်ဟု အဆိုပါ သတိပေးထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။

Spaceflight အာကာသယာဉ်၏ အစိတ်အပိုင်းများကြောင့် တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှု ဖြစ်ခဲ့လျှင် တရုတ်ပြည် သူ့သမ္မတ နိုင်ငံအနေဖြင့် အပြည့်အဝ တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်ပင်လယ်ပြင်အတွင်းသို့ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်ပိုင်းများအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် တစ်ကြိမ် ကျရောက်ခဲ့သေးသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...