လှိုင်းဘွဲ၊ ဒိုင်းပြစံပြကျေးရွာတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံရောင်းချနေ

လှိုင်းဘွဲ၊ ဒိုင်းပြစံပြကျေးရွာတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံရောင်းချနေ

ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ရှိ  ဒိုင်းပြစံပြကျေးရွာတွင် ဒိုင်းပြကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးလက်မှတ်ပါသည့်  ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဒီဇင်ဘာလ ၁ ရက်နေ့  ညနေ ၆ နာရီအချိန်တွင် ရွာသားများထံ လိုက်လံရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဆယ်အိမ်မှူးတို့က ရွာသူရွာသားများ၏နေအိမ်သို့ လိုက်လံရောင်းချနေခြင်းဖြစ်ကာ လက်မှတ်များကို တစ်စောင်လျှင်  (၁၀၀၀)ကျပ်နှုန်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။   

သူက “ ဆယ်အိမ်မှူးနှစ်ယောက်ကလက်မှတ်ကို တစ်စောင် (၁၀၀၀)နှုန်းနဲ့ လာပြီးရောင်းသွားတယ်။ တစ်အိမ်တစ်စောင်ဝယ်ထားမယ်ဆိုရင် အဲ့ဒီဝယ်ထားတဲ့လက်မှတ်ကိုပဲ  မိတ္ထူကူးပြီးတော့လည်း သုံးလို့ရ တယ်။ လက်မှတ်မပါဘဲ အပြင်ထွက်ရင် ဘာဖြစ်မလဲ ဆိုတာကို မေးတော့ ဘာမှပြန်ဖြေ ပေးတာ လည်းမရှိဘူး။ အရင်ကိုဗစ်ကာလတုန်းကဆိုရင် ဖားအံတွေဘာတွေဆင်းဖို့ အတွက် လက်မှတ်လုပ်တဲ့ အခါမှာတော့ ဘာပိုက်ဆံမှ မပေးရဘူး။" ဟု ပြောသည်။

မြို့နယ် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ခန့်အပ်သည့် ကျေးရွာအုပ်ချုပ် ရေးမှူး၏စေခိုင်းချက်ဖြင့် ထိုလက်မှတ်များကို ရောင်းချခြင်းဖြစ်သလို လှိုင်းဘွဲမြို့ လူဝင်မှုကြီး ကြပ်ရေးရုံး(လဝက)ကလည်း ၎င်းလက်မှတ်များကို ပြုလုပ်ရန် ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများက ပြောသည်။

 ထို့အပြင် ဒိုင်းပြစံပြကျေးရွာနှင့် (၁)မိုင်ကျော်ခန့်သာဝေးသည့် လှိုင်းဘွဲမြို့သို့သွားသည့် အခါတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်ကို တစ်ပါတည်းယူဆောင်သွားရမည်ဟုလည်း ဆယ်အိမ်မှူးက ပြောကြားထားဟု ဆိုသည်။ ယခုလို အုပ်ချုပ်ရေးမှူးလက်မှတ်ပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံရောင်းချမှုမှာ လှိုင်းဘွဲမြို့နယ်ထဲတွင် ဒိုင်းပြစံပြကျေးရွာတစ်ခုတည်းသာ လုပ်ဆောင်ရှိသေးသည်ဟု သိရှိရသည်။

ယခင်က လှိုင်းဘွဲ့မြို့နှင့် ဒိုင်းပြကျေးရွာကြားရှိ ကိုဗစ်စစ်ဆေးရေးဂိတ်ပြုလုပ်ထားသည့် နေရာတွင် လည်း လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ စစ်ဆေးမှုများကို တင်းကြပ်စွာပြုလုပ်နေကြောင်းလည်း သိရှိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...