လကုန််ပြီဖြစ်သော်လည်း တိုင်းရင်းသားဘာသာသင်ဆရာ/မများ လစာမရသေး

လကုန််ပြီဖြစ်သော်လည်း တိုင်းရင်းသားဘာသာသင်ဆရာ/မများ လစာမရသေး

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ နိုဝင်ဘာလမှ စာသင်ကျောင်းဖွင့်ပြီး စာသင်ကြားမှုတွေရှိခဲ့ပေမယ့် တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ (LT)  တွေက ဒီလအတွက် လစာမရရှိသေးဘူးလို့ ဆရာ/မ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ် ။

“ လစာကတော့ ရတယ်လို့ပြောတယ်။ အခုတော့မရသေးဘူး ၊ ကိုယ့်တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မချင်းတူတောင် သူတို့က TA ( Teacher assistant) ကိုယ်တွေ LT (Language Teacher) သူတို့တွေထုတ်ရတဲ့အချိန်မှာမထုတ်ရတော့ နည်းနည်းတော့ မျက်နှာငယ်သလိုလိုပါ့” ဟု ဗန်းမောက်မြို့နယ်က တိုင်းရင်းသားဘာသာသင်တဲ့ ဆရာမ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဒီလိုလစာထုတ်လို့မရသေးတဲ့ကိစ္စကိုလည်း တိတိကျကျမသိရှိရသေးဘူးလို့ တိုင်းရင်းသားဘာသာသင် ဆရာ/မတွေက ပြောဆိုကြပါတယ်။

တိုင်းရင်းသားဘာသာတဲ့ ဆရာ/မတွေက အရင်က ဆရာမတွေကိုယ်တိုင်ထုတ်ယူလို့ရကြပြီး ဒါမှမဟုတ် လွဲစာနဲ့ လက်မှတ်ရေးထိုးပြီးထုတ်ယူလို့ ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းအုပ် ဒါမှမဟုတ် တာဝန်ခံ တွေရဲ့ ထောက်ခံချက်နဲ့ ထုတ်ယူရမယ်လို့ဆိုပေမယ့်လည်း တိကျတဲ့အဖြေမဟုတ်သေးဘူးလို့ ဗန်းမောက်ရှမ်းနီစာယဉ်မှ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗန်းမောက်မြိုန့ယ် ပညာရေးမှူးရုံးဘက်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး ။

ဒီနိုဝင်ဘာလကစပြီး  တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မတွေကို တစ်လ (၆) သောင်းကျပ်နှုန်းတိုးမြင့်ပေးထားကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနထံမှ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...