လကုန််ပြီဖြစ်သော်လည်း တိုင်းရင်းသားဘာသာသင်ဆရာ/မများ လစာမရသေး

လကုန််ပြီဖြစ်သော်လည်း တိုင်းရင်းသားဘာသာသင်ဆရာ/မများ လစာမရသေး

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ နိုဝင်ဘာလမှ စာသင်ကျောင်းဖွင့်ပြီး စာသင်ကြားမှုတွေရှိခဲ့ပေမယ့် တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ (LT)  တွေက ဒီလအတွက် လစာမရရှိသေးဘူးလို့ ဆရာ/မ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ် ။

“ လစာကတော့ ရတယ်လို့ပြောတယ်။ အခုတော့မရသေးဘူး ၊ ကိုယ့်တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မချင်းတူတောင် သူတို့က TA ( Teacher assistant) ကိုယ်တွေ LT (Language Teacher) သူတို့တွေထုတ်ရတဲ့အချိန်မှာမထုတ်ရတော့ နည်းနည်းတော့ မျက်နှာငယ်သလိုလိုပါ့” ဟု ဗန်းမောက်မြို့နယ်က တိုင်းရင်းသားဘာသာသင်တဲ့ ဆရာမ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဒီလိုလစာထုတ်လို့မရသေးတဲ့ကိစ္စကိုလည်း တိတိကျကျမသိရှိရသေးဘူးလို့ တိုင်းရင်းသားဘာသာသင် ဆရာ/မတွေက ပြောဆိုကြပါတယ်။

တိုင်းရင်းသားဘာသာတဲ့ ဆရာ/မတွေက အရင်က ဆရာမတွေကိုယ်တိုင်ထုတ်ယူလို့ရကြပြီး ဒါမှမဟုတ် လွဲစာနဲ့ လက်မှတ်ရေးထိုးပြီးထုတ်ယူလို့ ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းအုပ် ဒါမှမဟုတ် တာဝန်ခံ တွေရဲ့ ထောက်ခံချက်နဲ့ ထုတ်ယူရမယ်လို့ဆိုပေမယ့်လည်း တိကျတဲ့အဖြေမဟုတ်သေးဘူးလို့ ဗန်းမောက်ရှမ်းနီစာယဉ်မှ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗန်းမောက်မြိုန့ယ် ပညာရေးမှူးရုံးဘက်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး ။

ဒီနိုဝင်ဘာလကစပြီး  တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မတွေကို တစ်လ (၆) သောင်းကျပ်နှုန်းတိုးမြင့်ပေးထားကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနထံမှ သိရပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...