ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့

ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့

ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ရှေ့တန်းတပ်စခန်းကို ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တို့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လေးကြိမ်၊၂၆ ရက်နေ့မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာ၃ရွာက ဒေသခံအိမ်ခြေ ၄၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာလည်း ရှိပါတယ်။

“ အဓိကကတော့ ပါလောင်း ရှားတောဘက်သွားတဲ့လမ်းမှာ လမ်းမကြီးကို မလိုအပ်ပဲနဲ့ မသွားလာဖို့ တိုက်တွန်းချင်တယ်။ အခုက သူတို့ ထိုးစစ်လည်းလုပ်လာပြီဆိုတော့ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ။ ဆိုတာ ကျနော်တို့က မပြောနိုင်ဘူးပေါ့နော။ သတိ ဝိရိယနဲ့ သွားကြပါ။ တိုက်ပွဲသံကြားပြီဆိုတော့ လုံးဝမသွားကြဖို့ အဲ့လိုပဲ အသိပေးချင်တယ်ပေါ့နော။ “ လို့ ကရင်နီတပ်မတော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၇ လကျော်အတွင်း နိုဝင်ဘာလ ၁၆ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...