ထားဝယ်တွင် ကျောင်းသား ခေါင်းဆောင်တစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းခံရ

ထားဝယ်တွင် ကျောင်းသား ခေါင်းဆောင်တစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းခံရ

ထားဝယ်မြို့တွင် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး၊ 7 Day News ဂျာနယ် သတင်း ထောက်ဟောင်း အပါအဝင် လူငယ် ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြော သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့(ယနေ့)၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုထူးမြတ်လွင်၊ 7 Day News ဂျာနယ် သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်းနှင့် ညီမအရင်း ဖြစ်သူ မလဝန်းပြည့်ပြည့်ထွန်းတို့ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက “မနက်စောစောကြီး အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွား တာ။ ဘယ်ကို ဖမ်းသွားတယ် ဆိုတာစုံစမ်းနေတုန်းပဲ” ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် လူငယ်သုံးဦးသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ ကိုစိုင်းကိုကိုထွန်း၏ နေအိမ်တွင် အတူရှိနေကြစဉ် အဖမ်းဆီးခံခဲ့လိုက်ရခြင်း ဖြစ်သည်ဟု ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦး က ပြောသည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီတွင် ကိုထူးမြတ်လွင်သည် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထားဝယ်တက္ကသိုလ်အရှေ့ တိုင်း ပညာဌာန တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ကာ ဆန္ဒပြသပိတ်များကို ဦးဆောင်သူတစ်ဦးလည်း ဖြစ် သည်ဟု ယင်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုစိုင်းကိုကိုထွန်းသည် ဖေဖော်ဝါရီလ စစ်အာဏာမသိမ်းမှီကပင် 7 Day News ဂျာနယ် သတင်းဌာနမှ အလုပ် ထွက်ထားသူ တစ်ဦးဖြစ်ပြီး အဆိုပါသတင်းဌာနသည် လက်ရှိတွင်လည်း ထုတ်ဝေခွင့် ပိတ်သိမ်းခံထားရ၍ ရပ် ဆိုင်းထားရသည့် သတင်းဌာနတစ်ခု ဖြစ်သည်။

ညီမဖြစ်သူ မလဝန်းပြည့်ပြည့်ထွန်းက ထားဝယ်ပညာရေးကောလိပ် ကျောင်းသူတစ်ဦး ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် တက္ကသိုလ်ကျောင်းသားများ အပါအဝင် လူငယ် ၁၅ ဦးခန့် ဆက်တိုက် ဖမ်းဆီးခံထားကြရပြီး ဖမ်းဆီးခံလူငယ်များနှင့် မိဘဆွေမျိုးများသည် အများအားဖြင့် အဆက်အသွယ် မရရှိကြပေ။

July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...