BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်

BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူး စောလိုက်သိမ့်သည် ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ကွယ်လွန်သွားသည်ဟု ပြည်နယ်၊ နယ်ခြားစောင့်တပ် ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးကြီးစောချစ်သူက” ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန်လာတယ်။ သူ့အိမ် ကြွေပြားပေါ်မှာ အဝတ်အစားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုးသေးဘူး။ နောက် ၉နာရီအချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။

သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။ တစ်ခါတစ်လေ သောက်တာစားတာရှိတော့ သွေးတိုးလား၊ လေဖြတ်တာလားမခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတမ်းဆုံးသွားတာလို့ပဲ ပြောရမှာဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူး စောလိုက်သိမ့် ကွယ်လွန်ချိန်တွင် ၄၂ နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်ရင်း ၁၃ ရင်းအနက် ၁၀၁၉ တပ်ရင်း၏ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေကို BGF တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်မှုလုပ်ဆောင်ရာတွင် ဗိုလ်မှူး စောလိုက်သိမ့်သည် ဦးစီးဦးဆောင်သူတစ်ဦးဖြစ်ပြီး ထိုထိုးစစ်ဆင်မှုကြောင့် ကရင်လူထုများအကြား ဝေဖန်ထောက်ပြမှုများ မြှင့်တက်ခဲ့သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...