BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်

BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူး စောလိုက်သိမ့်သည် ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ကွယ်လွန်သွားသည်ဟု ပြည်နယ်၊ နယ်ခြားစောင့်တပ် ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးကြီးစောချစ်သူက” ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန်လာတယ်။ သူ့အိမ် ကြွေပြားပေါ်မှာ အဝတ်အစားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုးသေးဘူး။ နောက် ၉နာရီအချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။

သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။ တစ်ခါတစ်လေ သောက်တာစားတာရှိတော့ သွေးတိုးလား၊ လေဖြတ်တာလားမခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတမ်းဆုံးသွားတာလို့ပဲ ပြောရမှာဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူး စောလိုက်သိမ့် ကွယ်လွန်ချိန်တွင် ၄၂ နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်ရင်း ၁၃ ရင်းအနက် ၁၀၁၉ တပ်ရင်း၏ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေကို BGF တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်မှုလုပ်ဆောင်ရာတွင် ဗိုလ်မှူး စောလိုက်သိမ့်သည် ဦးစီးဦးဆောင်သူတစ်ဦးဖြစ်ပြီး ထိုထိုးစစ်ဆင်မှုကြောင့် ကရင်လူထုများအကြား ဝေဖန်ထောက်ပြမှုများ မြှင့်တက်ခဲ့သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...