မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ အင်းခရုဘုရား အနီးရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ ကြားရပြီး သေနတ် ပစ်သံများပါ ဆက်တိုက် ကြားရကြောင်း ဒေသခံများက ပြောသည်။

"အပြန်အလှန် ပစ်တဲ့ပုံပဲ။ အချက်ရေလည်း များတယ်။ စစ်ကောင်စီတပ်သား လေးယောက် သေတယ်လို့ ကြားတယ်" ဟု အနီး ပတ်ဝန်းကျင်၌ နေထိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဇျိမ သတင်းဌာနက သီးခြား အတည်ပြုချက် မရရှိသေးပေ။

ထို့အပြင် မန္တလေးမြို့တွင် အဆိုပါပစ်ခတ်သည့်နေ့ နံနက် ၈ နာရီကျော်မှ စ၍ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရပြီး ရရှိထားသော သတင်းအချို့နှင့် ဓာတ်ပုံများအရ ပုသိမ်ကြီးမြို့နယ် ခမရ (၁၁၉) လက်နက်တိုက်မှ လက်နက်ကြီးများ စမ်းသပ်နေသည်ဟု ယူဆရသည်။

Most read this week

ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...