မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မန္တလေး MPT ရုံးရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ အင်းခရုဘုရား အနီးရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ ကြားရပြီး သေနတ် ပစ်သံများပါ ဆက်တိုက် ကြားရကြောင်း ဒေသခံများက ပြောသည်။

"အပြန်အလှန် ပစ်တဲ့ပုံပဲ။ အချက်ရေလည်း များတယ်။ စစ်ကောင်စီတပ်သား လေးယောက် သေတယ်လို့ ကြားတယ်" ဟု အနီး ပတ်ဝန်းကျင်၌ နေထိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဇျိမ သတင်းဌာနက သီးခြား အတည်ပြုချက် မရရှိသေးပေ။

ထို့အပြင် မန္တလေးမြို့တွင် အဆိုပါပစ်ခတ်သည့်နေ့ နံနက် ၈ နာရီကျော်မှ စ၍ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရပြီး ရရှိထားသော သတင်းအချို့နှင့် ဓာတ်ပုံများအရ ပုသိမ်ကြီးမြို့နယ် ခမရ (၁၁၉) လက်နက်တိုက်မှ လက်နက်ကြီးများ စမ်းသပ်နေသည်ဟု ယူဆရသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...