မလေးသွား လူမှောင်ခိုစက်လှေတစ်စီးပေါ်တွင် အမျိုးသမီးနှင့် ကလေး ၃၃ အပါအဝင် လူ ၂၂၈ ဦးကို မြန်မာရေတပ်ဖမ်းဆီး

မလေးသွား လူမှောင်ခိုစက်လှေတစ်စီးပေါ်တွင် အမျိုးသမီးနှင့် ကလေး ၃၃ အပါအဝင် လူ ၂၂၈ ဦးကို မြန်မာရေတပ်ဖမ်းဆီး

အမျိုးမီး ၁၂၅ ဦး၊ကလေး ၃၃ ဦးအပါအဝင်လူပေါင်း ၂၂၈ဦးကို တင်ဆောင်လာသည့် မလေးရှားသို့ သွားသည့် ၀ဒီထွန်း အမည်ရှိ လူမှောင်ခို စက်လှေတစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးလိုက်သည်ဟု အစိုးရ သတင်းများကို ပုံမှန် ဖော်ပြသည့် ရခိုင်နေ့စဉ်တွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။

အဆိုပါစက်လှေကို ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၆နာရီခန့်တွင် စစ်တွေမြို့၏ အနောက်တောင်ဘက် ပင်လယ်တွင်းတွင်တည်ရှိသော မေယုကျွန်း အနောက်မြောက် ၁၇မိုင်အကွာတွင် ရေတပ်က လိုက်လံ ဖမ်းဆီးရမိ သည်ဟု ဆိုသည်။

စက်လှေပေါ်တွင် ဖမ်းဆီးရမိသူများမှာ မြန်မာလူမျိုး စက်လှေသမား ကျား ၅ ဦး၊ ဘင်္ဂါလီလူမျိုး ကျား ၇၀ ဦး၊ မ ၁၂၅ ဦး၊ ကလေး ကျား ၁၉ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့ ဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြသည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သတင်းတွင် ဆက်လက် ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ကုလားတန်မြစ်အတွင်းတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် စက်လှေ တစ်စီးပေါ်က အစ္စလာမ် ဘာသာဝင် ၄၅ ဦကို ရေတပ်က ဖမ်းဆီးခဲ့သည်။

အလားတူ အောက်တိုဘာလ ၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ဗလိပေါက်ချောင်း အနီးရှိ ကုလားတန်မြစ်အတွင်းတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အစ္စလာမ် ဘာသာဝင် ၃၀ ဦးနှင့်အတူ စက်လှေသမား ၅ ဦးပါဝင်သော လူမှောင်ခိုစက်လှေတစ်စီးအား ဖမ်းဆီးခဲ့သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...