ငပလီမှ လူငယ်နှစ်ဦး ကျိုက်ထီးရိုးဘုရားဖူးသွားစဥ် တက္ကစီပေါ်တွင် လုယက်သတ်ဖြတ်ခံရ

ငပလီမှ လူငယ်နှစ်ဦး ကျိုက်ထီးရိုးဘုရားဖူးသွားစဥ် တက္ကစီပေါ်တွင် လုယက်သတ်ဖြတ်ခံရ

ငပလီမြို့ လင်းသာရပ်ကွက်မှ နေအိမ်တွင် အတူနေထိုင်သူ ကိုကျော်မင်းဝေနှင့် ကိုပြုံးမောင်မောင်တို့နှစ်ဦးသည် နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှနေ၍ ကျိုက်ထီးရိုးဘုရားဖူးရန် တက္ကစီအငှားယာဉ်ဖြင့်သွားစဉ် လှည်းကူးမြို့နှင့် ပဲခူးအကြားတွင် လုယက် သတ်ဖြတ်ခံရကြောင်း ကိုကျော်မင်းဝေ၏ ယောက်ဖဖြစ်သူ ကိုမင်းမင်းက ပြောသည်။

“အလောင်းကိုက ၈ နာရီခွဲလောက်မှာ ရဲကတွေ့တာတဲ့။ တက္ကဆီသမားလုပ်တယ်လို့ပဲ ကျနော်တို့က ထင်မြင်ယူဆတာပေါ့။ ပျောက်ဆုံးတာကတော့ သူတို့မှာလက်ဝတ်လက်စားလည်း ၁၀ ကျပ်သား ကျော်ကျော်လောက်ပါမှာ။ အကုန်လုံးယူသွားတာ။ ငွေကလည်းပဲ လေး ငါးဆယ်ဝန်းကျင်လောက် ပါမယ်။ ခရီးဆောင်အိတ်တစ်လုံးလည်းပါသွားတယ်။ ဖုန်းနှစ်လုံးပါသွားတယ်”ဟုပြောသည်။

လက်ရှိတွင် သူတို့နှစ်ဦးအား ရင်ခွဲစစ်ဆေးနေတုန်းဖြစ်ကြောင်း လှည်းကူးမြို့မ ရဲစခန်းက ဒုရဲမှူး မြင့်စိုးဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“ကျနော်လောလောဆယ် ရင်ခွဲရုံကိုရောက်နေတယ်။ ရင်ခွဲစိပ် စစ်ဆေးတုန်းပါ” ဟုပြောသည်။

ကိုကျော်မင်းဝေ၏ရုပ်အလောင်းကို သံတွဲမြို့မှ နေအိမ်သို့ ယူဆောင် လာမည်ဖြစ်ပြီး ကိုပြုံးမောင်မောင်၏ရုပ်အလောင်းကို သူ့၏ဆွေမျိုးများရှိရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ဇီးပင်ပေါက်ကျေးရွာသို့ ယူဆောင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်မင်းဝေနှင့် ကိုပြုံးမောင်မောင်တို့နှစ်ဦးမှာ ငပလီမြို့ လင်းသာရပ်ကွက်မှ နေအိမ်တွင် အတူနေထိုင်သူများဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်တွင် ဆေးခန်းပြရန် လေယာဉ်ဖြင့်လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...