ပုဇွန်တောင်တွင် မောင်းနေသော ကားကို စစ်ကောင်စီတပ်ဖွဲ့များ ပစ်၊ အရပ်သား တစ်ဦး သေဆုံး

ပုဇွန်တောင်တွင် မောင်းနေသော ကားကို စစ်ကောင်စီတပ်ဖွဲ့များ ပစ်၊ အရပ်သား တစ်ဦး သေဆုံး

ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းအနီးတွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ကားကို စစ်ကောင်စီကတားရာ မရပ်ပေးသဖြင့်သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရှိ ခဲ့သည်ဟု ၄၉ လမ်းအနီး နေထိုင်သူများက ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ၊ ည ၁၀ နာရီခွဲဝန်းကျင်အချိန်က စစ်ကောင်စီက ပစ်ခတ်ခဲ့သည့်ကားမှာ Toyota Wish အဖြူရောင်ကားဖြစ်ပြီး သေနတ်ကျည်ထိမှန်ခဲ့သူနှစ်ဦးမှာ မြောက်ဥက္ကာလာပမြို့နယ် အတွင်းနေထိုင်သူများ ဖြစ်သည်ဟု ကျည်ထိမှန်ခဲ့သူနှစ်ဦးနှင့် နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ကြသည်။

၄၉ လမ်းအတွင်းနေထိုင်သည့် အသက် ၃၀ ကျော် အရွယ်အမျိုးသားတစ်ဦးက “ပစ်တာကတော့ ၆ ချက်ကနေ ၈ ချက်လောက်ရှိမယ်။ အတွဲလိုက် ပစ်တာ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ၎င်း၏ဇနီးသည် အမျိုးသမီး၏ လက်တွင်လည်း ကျည်ဆံထိမှန်ခဲ့ကြောင်း ၄၉ လမ်းအတွင်းနေထိုင်သူ အမျိုးသားက ဆက် ပြော သည်။

"အခုဖြစ်နေတာက ကျန်တဲ့လူတွေရဲ့ အသက်တွေက တန်းဖိုးမရှိဘဲ လက်နက်ကိုင်ထားတဲ့ သူတို့ အသက်တွေပဲ တန်ဖိုးရှိသလို ဖြစ်နေတာ။ မှားယွင်းပစ်ခတ်မိလည်း ဘယ်တော့မတောင်းပန်ဘူး" ဟု ၅၃ လမ်းတွင် နေထိုင် သည့် အမျိုးသားတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ပစ်ခတ်ခဲ့သည့်ကားကို ပုဇွန်တောင် ရဲစခန်းသို့ ဆွဲသွားခဲ့ပြီး သေနတ်ထိမှန်ခဲ့ သူနှစ်ဦးကိုလည်း ၅၁ လမ်း အရေးပေါ် လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ၄၉ လမ်းအတွင်းနေထိုင်သူ များက ဆိုသည်။

ဗားကရာချောက်၊ သန်လျင်တံတား၊ ထန်းတပင်ဂိတ်တို့ကို ကားများဖြင့် လာရောက် ပစ်ခတ်ခံရပြီးနောက် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ ရမ်းသန့်၍ လက်တုန့်ပြန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ယခုကဲ့သို့ အိမ်စီးကားကိုပါ လက်လွတ်စပယ်ပစ်ခတ်မှုများကြောင့် လူသေဆုံးသည်အထိ ဖြစ်လာနေသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...