ပုသိမ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှစ်ဦး နှုတ်ထွက်

ပုသိမ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှစ်ဦး နှုတ်ထွက်

ဧရာဝတီတိုင်းမြို့တော် ပုသိမ်တွင် နိုဝင်ဘာလ နောက်ဆုံးအပတ်က ရပ်ကျေးအုပ် ချုပ်မှူး နှစ်ဦး နုတ်ထွက်သွားသည်။

ပုသိမ်မြို့မ ရပ်ကွက်များ ဖြစ်သည့် အမှတ် ၈ ရပ်ကွက် နှင့် အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့ နုတ်ထွက် သွားခြင်းဖြစ်သည်ဟု ပုသိမ်မြို့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုရုံးထံမှ သိရသည်။

"သူတို့က ကျန်းမာရေး အခြေအနေကြောင့်လို့ စာတင်ပြီး ထွက်ကြတာပါ။ ဒါပေမယ့် NLD တွေခန့်တဲ့ လက် ကျန်အုပ်ကြီးတွေကို ဖယ်ရှားဖို့ အစီအစဉ်ရှိနေတယ်" ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

နုတ်ထွက်သွားသူ အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ မဟုတ်ပဲ NLD အစိုးရလက်ထက် က ရပ်ကွက်ပြည်သူများမှ ရွေးချယ်တင်မြောက်ထားသည့် အုပ်ချုပ်ရေးမှူးများ ဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူ များက ပြောသည်။

နုတ်ထွက်သွားသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အမှတ် ၁၃ ရပ်ကွက်မှ ဦးဝင်းနိုင် နှင့် အမှတ် ၈ ရပ်ကွက် မှ ဦးအောင်မြတ်သူတို့ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက  စစ်ကောင်စီခန့် ကြောင်ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပြီးနောက် တစ်လအကြာတွင် အုပ်ချုပ်ရေးမှူးနှစ်ဦး နှုတ်ထွက်ကြခြင်းဖြစ်သည်။

ပုသိမ်မြို့ခံ ဦးကျော်ကြီးက "စစ်ကောင်စီက အုပ်ကြီးတွေကို သူတို့ရဲ့ ဒလန်သတင်းပေးတွေ လုပ်ခိုင်းနေတော့ ဘယ်လုပ်ချင်ပါ့မလဲ အသက်က အပိုပါတာမှမဟုတ်တာ" ဟု ပြောသည်။

စစ်ကောင်စီက လစ်လပ်သွားသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာများတွင် စစ်မှုထမ်းဟောင်းများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်အချို့ကို အစားထိုးခန့်ထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ များက ပြောသည်။

ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၇၅ ခုရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ သြဇာမကင်းဟု ယူဆသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၉ ဦးကို တာဝန်မှ ဖယ်ရှားခဲ့သည်။

၎င်းတို့အနက် တစ်ဦးကို ပုဒ်မ-၅၀၅ တပ်ကာ ဖမ်းဝရမ်းထုတ်ခဲ့ရာ တိမ်းရှောင်နေစဉ် ကျန်းမာရေးကြောင့် သေ ဆုံး ခဲ့သည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...