ကွတ်ခိုင်အနီး ၃ နာရီကြာ တိုက်ပွဲဖြစ်

ကွတ်ခိုင်အနီး ၃ နာရီကြာ တိုက်ပွဲဖြစ်

မူဆယ် မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်တို့အကြား နိုဝင်ဘာ ၂၈ ရက်က ၃ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအထက် လွိုင်ရွဲးတောင်အနီးတွင် ၂၈ ရက်နေ့  နံနက် ၉ နာရီ အချိန်ခန့်မှ နေ့လည် ၁၂ နာရီအချိန်ခန့်ထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သည် ဟု ပြောသည်။

အမည်မဖော်လို မန်ပြိန်းဒေသခံ ရွာသားတစ်ဦးက "မနက် ၉ နာရီ ၁၀မိနစ်အချိန်လောက်မှာ စစ်ကောင်စီတပ်

ဘက်က မန်ပြိန်းရွာကနေ ပြည်ထောင်စုလမ်းမတစ်လျှောက် အထက်ပိုင်း လွိုင်ရွဲးတောင်နား အရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တိုက်ပွဲသံတွေ အဆက်မပြတ် စကြားခဲ့ရတာပါ။ လက်ရှိ ၁၂ နာရီအချိန်ထိ ကြားနေရတယ်" ဟု ပြောသည်။

မြေပြင်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ထိတွေ့တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ် မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်အဆိုပါ တိုက်ပွဲအခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန အနေ ဖြင့် သီးခြားအတည်ပြုချက်များ မရရှိသေးပေ။

လက်ရှိအချိန်ထိ တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ မကြားရသေးဟု မန်ပြိန်းကျေးရွာက ဒေ သခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ တို့ သွားလာလှုပ်ရှားနေသည့် နေရာလည်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး မေလဆန်းမှ စတင်၍ စစ်ကောင်စီတပ်နှင့် တအန်း TNLA၊ ကိုးကန့် MNDAA၊ ကချင် KIA၊ ရခိုင် AAတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ခန့် ဖြစ်ပွားခဲ့ပြီး

ယနေ့တိုက်ပွဲသည် နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...