မန္တလေးတွင် ကင်းပုန်းစောင့်စစ်သားများ ဗုံးပစ်ခံရ

မန္တလေးတွင် ကင်းပုန်းစောင့်စစ်သားများ ဗုံးပစ်ခံရ

မန္တလေးမြို့ (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီး ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး ဒဏ်ရာ ရသွားကြောင်း မြို့ခံစျေးသည် တစ်ဦးက ပြောသည်။

“အဲဒီ အနားမှာ ရဲကင်းတစ်ခုလည်း ရှိတယ်။ ပေါက်တာက ပေါ်တော်မူ ဘုရားနဲ့ (၄၁) လမ်းစျေး ကြားမှာ ပေါက်တာပါ။ ဟိုရက်က စစ်ကား ဗုံးနဲ့ ပစ်ခံရလို့ အဲဒီအနားမှာ စစ်သားတွေ နေ့တိုင်း ကင်းပုန်း ချထားတာ တွေ့ရတယ်။ အဲဒီနား ပေါက်တာပါ။ စစ်သားနှစ်ယောက် အတော် ထိသွားတယ်။ သေမသေတော့ မသိဘူး” ဟု အဆိုပါ စျေးသည်က ပြောသည်။

ဗုံးပေါက်အပြီး စစ်ကောင်စီတပ်သားများ ရမ်းသမ်း ပစ်ခတ်မှုကြောင့်လည်း အရပ်သားနှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာ ရသွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီနားမှာ စည်ပင်နဲ့ ရဲတွေရော စစ်သားတွေရော ကျူး (ကမ်းနားလမ်း ကျူးကျော်တဲများ) ရှင်းနေတယ်။ ကျူးရှင်းတဲ့ စစ်သားတွေကို ပစ်တာလား၊ ကင်းပုန်းကို ပစ်တာလားတော့ မသိဘူး။ အဲဒီမှာ စစ်သားတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ရမ်းပစ်တယ်။ နောက်တော့ အရပ်သား နှစ်ယောက် ဒဏ်ရာရလို့ ဆိုပြီး ရပ်ကွက်ထဲ ဆူညံသွားတာပဲ" ဟု ၎င်းက ပြောသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီးတွင် စျေးဝယ်လာသည့် စစ်ကားတစ်စီး နို၀င်ဘာလ ၂၄ ရက်နေ့တွင် ဗုံးပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သားများ ဒဏ်ရာရရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...