ဘီးလင်းမှာ စစ်ကောင်စီကင်းလှည့်ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံး

ဘီးလင်းမှာ စစ်ကောင်စီကင်းလှည့်ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံး

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ဘုရင့်နောင်ရပ်ကွက် တံတားအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ညက စစ်ကောင်စီကင်းလှည်ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ တောင်စွန်းကျေးရွာ၊ ဘုရင့်နောင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဆန်းထွဋ် အသက် ၄၀ နှစ်ခန့်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါည ၈ နာရီကျော်ခန့်မှာ ကိုဆန်းထွဋ် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီကင်းလှည့်ကားက လိုက်ဖမ်းခဲ့တယ်လို့ သိရပါတယ်။

လိုက်ဖမ်းခံရစဉ် ဘုရင့်နောင်တံတားအရောက်မှာ စစ်ကောင်စီကင်းလှည်ကားနဲ့ကိုဆန်းထွဋ်မောင်းတဲ့ ဆိုင်ကယ်တိုက်မိပြီး ကိုဆန်းထွဋ်မှာ ဘယ်ခြေထောက်ကျိုးဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေရရှိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

"သိရသလောက် ရဲနဲ့စစ်သားတွေပါတဲ့ ကင်းလှည်ကားက ဆိုင်ကယ်ကို လိုက်ဖမ်းတာ။ တံတားအရောက်မှာ ဆိုင်ကယ်က အရှိန်လျော့ပါလိမ့်မယ်။ နောက်က ကားကလဲ အရှိန်နဲ့လိုက်လာတာဆိုတော့ တိုက်မိတာဖြစ်မယ်။

ဆိုင်ကယ်သမားက တိုက်ခံရတဲ့ အရှိန်နဲ့ တံတားပေါင်နဲ့ထိပြီး ငြိမ်သွားတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်သူမှ မသွားရဲဘူး။ ဆိုင်ကယ်သမားက ချက်ချင်းသေသွားတယ်။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကို ဘီးလင်းဆေးရုံကို ပိူ့ထားရပြ ယနေ့မနက် မှာ အလောင်းကို လာပြန်ထုတ်ဖို့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ တဆင့်အကြောင်းကြားထားတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...