ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲ ရှိနေ

ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲ ရှိနေ

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်လည် ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

၅ လကျော်အကြာ ပိတ်ထားခဲ့တဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာ ၂၆ ရက်နေ့ ၃၀ ရက်နေ့ထိ ၅ ရက် အစမ်းသပ်ကာလအဖြစ် ပြန်လည် ဖွင့်လှစ်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကုန်သွယ်ရေးရာမှာတော့ ကွန်တိန်နာတွေနဲ့ ကုန်သွယ်ခွင့် ပေးအပ်ထားတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တစ်နေ့ကို တရုတ်ဘက်က ကွန်တိန်နာ ၅ လုံး၊ မြန်မာဘက်က ကွန်တိန်နာ ၅ လုံး ကုန်သွယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ကုန်သွယ်ရာမှာတော့ မြန်မာဘက်က စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေကို အဓိက ပို့ဆောင်နေတာဖြစ်ပြီး တရုတ်ဘက်ကနေ ကိုဗစ်ကာကွယ်ဆေးတွေ၊ စက်ယာဉ်ယန္တရားတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းအားလုံးကို ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာတော့ ကျင်စန်းကျော့ဂိတ် စခန်းတစ်ခုကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးအပ်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...