မုံရွာအောင်ရှင်ကွယ်လွန်၊ သုံးရက် အကြာတွင် သင်္ဂြိုလ်မည်

မုံရွာအောင်ရှင်ကွယ်လွန်၊ သုံးရက် အကြာတွင် သင်္ဂြိုလ်မည်

ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၏ ရုပ်ကလာပ်ကို သုံးရက်ထားပြီး သင်္ဂြိုလ်မည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

မုံရွာအောင်ရှင်သည် နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် နှလုံးသွေးကြောပိတ်ရောဂါဖြင့် နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင် တစ်ဦးက “မုံရွာက သားသမီးတွေကို စောင့်ဖို့ရှိလို့ ရေခဲတိုက်မှာ ၃ ရက်ထားမယ်။ ပြီးမှသင်္ဂြိုလ် မယ်” ဟု ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် အသက် ၇၇ နှစ်အရွယ် မုံရွာအောင်ရှင်ကို ဖမ်းဆီးခဲ့ပြီး ရေ ကြည်အိုင် စစ်ကြောရေး စခန်းတွင် ၈ လခွဲကျော် ထိန်းသိမ်းခဲ့ကြသည်။

မုံရွာအောင်ရှင် စတင်ဖမ်းဆီးခံရသည့် အချိန်မှစ၍ ပြန်လည် လွတ်မြောက်လာသည့် အချိန်ထိ ကျန်းမာရေး ကောင်းမွန်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ နှလုံးသွေးကြောပိတ်ရောဂါ ခံစားခဲ့ရခြင်းဖြစ်သည်ဟု မိသားစု ဝင်များက ဆိုသည်။

ပြန်လွတ်လာပြီးနောက် တစ်လနှင့် ဆယ်ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မုံရွာအောင်ရှင် ကွယ်လွန်သွားခြင်းသည် ပြည်သူ့တော်လှန်ရေးအတွက် ထိခိုက်နစ်နာမှုတစ်ခုဖြစ်ပြီး မိသားစုနှင့် ထပ်တူဝမ်းနည်းရသည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

မုံရွာအောင်ရှင်သည် သတင်းမီဒီယာသမားများနှင့် နွေးထွေးသည့် ဆက်ဆံရေးရှိပြီး  ရဲဘော်ရဲဘက် လုပ်ဖော်ကိုင် ဖက်များကဲ့သို့ သဘောထားဆက်ဆံလေ့ရှိသူဖြစ်သည်။

အထူးသဖြင့် အသက်ငယ်ရွယ်သည့် သတင်းသမားကိုများပင် အပေါ်စီး အထက်စီးက မဆက်ဆံဘဲ အမြဲ လေး လေးစားစား ပြောဆိုဆက်ဆံသူဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...