တောင်ဘုံကျေးရွာ ဝဲနွှတ်အနီးရှိ ရာဘာခြံတွင် လက်နက်ကိုင်ဆောင်ထားသူ လူငယ်နှစ်ဦးဖမ်းမိ

တောင်ဘုံကျေးရွာ ဝဲနွှတ်အနီးရှိ ရာဘာခြံတွင် လက်နက်ကိုင်ဆောင်ထားသူ လူငယ်နှစ်ဦးဖမ်းမိ

ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအုပ်စု၊ ဝဲနွှတ်ရွာအနီးရှိ ရာဘာခြံတခုတွင် တရားမဝင် လက်နက်ကိုင်ဆောင်ထားသူလူငယ်နှစ်ဦး ဖမ်းဆီးရမိကြောင်း လမိုင်းမြို့မ ရဲစခန်းမှသိရသည်။

“မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့သတင်းကြားလို့ ကျွန်တော်တို့သွားဖမ်းတော့ ပထမတစ်အုပ်စုက ထွက်ပြေးပြီးလွတ်သွားတယ်။ ခဏနေတော့ ဆိုင်ကယ်တစ်စီးနဲ့လူငယ် ၂ ယောက်ရောက်လာလို့ တားပြီးစစ်လိုက်တော့ သေနတ်တစ်လက်မိတယ်။ မူးယစ်ဆေးတော့ မတွေ့ဘူး”ဟု လမိုင်းမြို့မရဲစခန်းမှ ဒု-တက သန်းမြင့်အောင်က ဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိသောကြောင့် တောင်ဘုံကျေးရွာပြည်သူ့စစ်(ဌာနေ)အဖွဲ့၊  လမိုင်းရဲတပ်ဖွဲ့နှင့် တောင်ဘုံ၊ဝဲနွှတ်အုပ်ချုပ်ရေးအဖွဲ့တို့က နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရွာခံပြည်သူ့စစ်တစ်ဦးက ဆိုသည်။

“အပြန်အလှပစ်ခတ်မှုမျိုးတော့မရှိပါဘူး။ ထွက်ပြေးလို့ ပြည်သူ့စစ်အဖွဲ့မှ သေနတ်သံ(၄)ချက် ပစ်ဖေါက်တာမျိုးပဲရှိပါတယ်”ဟု သွားရောက်ဖမ်းဆီးခဲ့သည့် ပြည်သူ့စစ်တစ်ဦးက ဆိုသည်။

ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ကိုရင်လေးကျောင်းရှိရာ ပုပ္ဖဝတီကျေးရွာတွင် နေထိုင်သူ အဖနိုင်ရွှေ၊ အမိ မိထွေးလေးတို့၏သား အသက် ၂၀ နှစ်အရွယ်  လဝီစိုက်ချမ်း(ခ)ဝမ်ဒီနှင့် မှိန်စိန်ကျေးရွာ၊ အာယုတောင်ကျေးရွာအုပ်စုတွင် နေထိုင်သူ အဖ ဦးနိုင်၊ အမိ မိသီတာဝင်းတို့၏သား အသက် ၂၀ နှစ်အရွယ် လရိစွန်တို့ထံမှ တရားမဝင်လက်နက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီရမိသော လဝီစိုက်ချမ်း(ခ)ဝမ်ဒီဆီမှ 9လူဂါပစ္စတိုတစ်လက်၊ ၉မမကျည် ၁၃ တောင့်နှင့် ၎င်းတို့နှစ်ဦးစီးနင်းသော မော်တော်ဆိုင်ကယ် Wave(100)စိမ်းပြာတစ်စီးတို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လွဲအပ်ထားကြောင်းသိရသည်။

အလားတူ ရဲနှင့်စစ်တပ်ပါဝင်သော လုံခြုံရေးအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ရေးမြို့နယ် မြောက်ပိုင်း စုံနံ့သာကျေးရွာအနီးရှိ မသင်္ကာဖွယ် ရာဘာခြံတစ်ခြံသို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့စဥ် မသင်္ကာဖွယ်တွေ့ရှိသူ လူငယ် ၅ ဦးထံမှ ဓါးဦးချွန်တစ်ခုနှင့် တူမီးလက်နက်တစ်လက် ရှာဖွေတွေ့ရှိခဲ့သည့်အတွက် လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) (စ) တို့ဖြင့် ရေးမြို့မ ရဲစခန်း၌ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...