ထားဝယ်က နေရာအချို့ ခရီးသွားတွေကို Mask ချွတ်ခိုင်းပြီး CCTV မှတ်တမ်းယူ

ထားဝယ်က နေရာအချို့ ခရီးသွားတွေကို Mask ချွတ်ခိုင်းပြီး CCTV မှတ်တမ်းယူ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့က မြို့ဝင်မြို့ထွက်နေရာအချို့မှာ ခရီးသွားသူတွေကို mask ချွတ်ခိုင်းပြီး CCTV တွေနဲ့မှတ်တမ်းယူနေတာရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထားဝယ်-လောင်းလုံးသွားလမ်းရှိ ကမြောကင်းတံတား၊ ထားဝယ်-ရန်ကုန် သွားလမ်း ထားဝယ်အဝေးပြေးကွင်းအနီး အိမ်ရှေ့ပြင်ဂိတ်၊ ထားဝယ်-မြိတ်သွားလမ်းရှိ ပေါက်တိုင်းတံတားတို့မှာ CCTV နဲ့ မှတ်တမ်းယူနေတယ်လို့ သိရပါတယ်။

ယခင်က အဆိုပါနေရာတွေမှာ ခရီးသွားလာမှု ထောက်ခံစာတွေ၊ ယာဉ်တွေကို ရှာဖွေစစ်ဆေးတာ၊ ခရီးသွားတွေရဲ့ အထောက်အထားတွေ စစ်ဆေးတာလောက်ကိုသာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

"ခုနောက်ပိုင်း ကပ်ပြားတွေ၊ ထောက်ခံစာတွေ တော်ယုံမစစ်တော့ဘူး။ CCTV ရှေ့မှာ ရပ်ခိုင်းပြီး mask ချွတ်ပြရတယ်။ မျက်နှာကို သေချာပြရတယ်။ ပြီးမှ သွားရတယ်။ သူတို့မသင်္ကာတဲ့သူဆို အကုန်စစ်တယ်။ စစ်ဆေးမှုလဲကြာသလို ရစ်လဲရစ်တယ်။ ကားတွေဆို ပိုဆိုးတယ်။ သူတို့တွေ အဲလိုလုပ်နေတော့ စိတ်အနှောက်အယှက်ဖြစ်သလို ခံစားရတယ်။ မြို့ထဲမှာ ဆိုလည်း သူတို့စစ်ဆေးမှုတွေက ပုံမှန်ရှိနေတယ်။ တစ်ခုထူးခြားလာတာက ခုနောက်ပိုင်း ကင်းလှည့်နေတဲ့ ကားတွေမှာ အရင်ကလို လူငယ်ပိုင်းတွေ တွေ့ရတာ နည်းတယ်။ သက်ကြီးပိုင်းတွေဘဲ တွေ့လာရတာများတယ်။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ထားဝယ်မြို့တွင်းမှာလည်း ညတိုင်းသေနတ်ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကောင်စီအဖွဲ့တွေထံက ခြောက်လှန့်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့နောက်ပိုင်းမှာလည်း ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့အချို့ကို ရုပ်သိမ်းပြီး လောင်းလုံးနဲ့ရေဖြူ မြို့နယ်ဘက်တွေပို ပို့ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...