ရခိုင်တွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ

ရခိုင်တွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ် ကင်းမော်ချောင်းတွင် နိုဝင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော သစ်မှောင်ခို စက်လှေတစ်စီးတွင် ကာလတန်ဖိုး ကျပ်သိန်း ၇၀၀ တန်ဖိုးရှိသော ကျွန်းသစ်ကုဗတုံး ၇၀ တန်ခန့်ကို ကင်းမော်ရေတပ်က ဖမ်းမိခဲ့သည်ဟု ရေတပ်မှ တာဝန်ရှိသူသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖမ်းမိတယ်။ သစ်တန်ချိန် ရဝ လောက်ခန့်မှန်းမိတယ်။ အတိကျတော့ အဲ့လောက်မသိဘူး။ အမှုဖွင့်တာကတော့ ဂွကျိန္တလီမှာပဲ ထင်တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂွကျိန္တလီ ရဲစခန်းအား ဆက်သွယ်မှုမရရှိခဲ့ပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း မောင်တောမြို့၊ မှိုဝင်ရွာ၏အနောက်မြောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာတွင် ကျောက်ဖြူမြို့နယ်မှ ထွက်ခွာလာသည့်တရားမဝင်သစ်မှောင်ခိုစက်လှေတစ်စီးတွင် ကျပ်သိန်း ၁၂၀ တန်ဖိုးရှိသော ကညင်ဘေတုံး ၁၅ တန်ခန့်ကို လူ ၆ ဦးနှင့်အတူ ရေတပ်က ဖမ်းမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် သံတွဲမြို့၊ နံ့သာကျွန်း အနောက်ဘက် ၃၉ မိုင်အကွာတွင် စက်လှေတစ်စီးပေါ်၌ ကျပ်သိန်း ရဝဝ တန်ဖိုးရှိသော ကျွန်းသစ်ကုဗတုံး ရဝ တန်ခန့်ကို လူ ၈ ဦးနှင့်အတူ ရေတပ်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ယခုဖမ်းမိခဲ့သည့်သစ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချမည့်သစ်များဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည့်အတွက် ရခိုင်မှ မှောင်ခိုထုတ်သည့်သစ်တန်ချိန်သည် ၃ ဆနီးပါးပိုများလာခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနက ပြီးခဲ့သည့်သြဂုတ်လအတွင်းက နိရဥ္စရာကို ပြောဆိုထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...