ရခိုင်တွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ

ရခိုင်တွင် ရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ် ကင်းမော်ချောင်းတွင် နိုဝင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော သစ်မှောင်ခို စက်လှေတစ်စီးတွင် ကာလတန်ဖိုး ကျပ်သိန်း ၇၀၀ တန်ဖိုးရှိသော ကျွန်းသစ်ကုဗတုံး ၇၀ တန်ခန့်ကို ကင်းမော်ရေတပ်က ဖမ်းမိခဲ့သည်ဟု ရေတပ်မှ တာဝန်ရှိသူသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖမ်းမိတယ်။ သစ်တန်ချိန် ရဝ လောက်ခန့်မှန်းမိတယ်။ အတိကျတော့ အဲ့လောက်မသိဘူး။ အမှုဖွင့်တာကတော့ ဂွကျိန္တလီမှာပဲ ထင်တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂွကျိန္တလီ ရဲစခန်းအား ဆက်သွယ်မှုမရရှိခဲ့ပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း မောင်တောမြို့၊ မှိုဝင်ရွာ၏အနောက်မြောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာတွင် ကျောက်ဖြူမြို့နယ်မှ ထွက်ခွာလာသည့်တရားမဝင်သစ်မှောင်ခိုစက်လှေတစ်စီးတွင် ကျပ်သိန်း ၁၂၀ တန်ဖိုးရှိသော ကညင်ဘေတုံး ၁၅ တန်ခန့်ကို လူ ၆ ဦးနှင့်အတူ ရေတပ်က ဖမ်းမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် သံတွဲမြို့၊ နံ့သာကျွန်း အနောက်ဘက် ၃၉ မိုင်အကွာတွင် စက်လှေတစ်စီးပေါ်၌ ကျပ်သိန်း ရဝဝ တန်ဖိုးရှိသော ကျွန်းသစ်ကုဗတုံး ရဝ တန်ခန့်ကို လူ ၈ ဦးနှင့်အတူ ရေတပ်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ယခုဖမ်းမိခဲ့သည့်သစ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချမည့်သစ်များဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည့်အတွက် ရခိုင်မှ မှောင်ခိုထုတ်သည့်သစ်တန်ချိန်သည် ၃ ဆနီးပါးပိုများလာခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနက ပြီးခဲ့သည့်သြဂုတ်လအတွင်းက နိရဥ္စရာကို ပြောဆိုထားသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...