ဒီကနေ့မနက် သထုံမှာ ဗုံး(၅) ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့

ဒီကနေ့မနက် သထုံမှာ ဗုံး(၅) ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့

ဒီကနေ့ မနက်အစောပိုင်းမှာ သထုံမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့မှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယနေ့မနက်ပိုင်း ၅ နာရီကျော်ခန့်မှ စတင်ပြီးတော့ သထုံမြို့ပေါ်ရှိ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီး၊ ကမ္ဘာရတနာဘဏ်အနီး၊ လိပ်အင်းရပ်ကွက်ရုံးအနီး၊ ပေါ်တော်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၊ ကညနရုံးအဆင်းလမ်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"မနက်အစောကြီး ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြန်အိပ်မလို့ လုပ်တုန်း ဆက်တိုက်ပေါက်ကွဲမှုတွေကြားရတယ်။ ၅ ခါလောက်တော့ရှိမယ်။ နောက်သိရတာတော့နေရာ ၅ ခုမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ အချို့က ၎င်းတို့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြပါတယ်။

မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့ကလည်း သထုံမြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ထဲမှာသာ နေထိုင်ပေးကြဖို့နဲ့အပြင်မှာ ရောက်နေတဲ့ မိသားစုဝင်တွေကိုလည်း အိမ်ကို ပြန်ခေါ်ပေးကြဖို့၊ ပေါက်ကွဲသံကြားပါက အသံဖြစ်ပေါ်တဲ့နေရာကို ထွက်ကြည့်တာတွေကို ရှောင်ပေးဖို့ ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...