အင်းတော်တော်ကြီးဒေသ တုံပင်တွင် စစ်ကောင်စီလေယာဉ်ဗုံးကျဲ

အင်းတော်တော်ကြီးဒေသ တုံပင်တွင် စစ်ကောင်စီလေယာဉ်ဗုံးကျဲ

အင်းတော်ကြီးဒေသ မိုင်းပုတ်ကျေးရွာအုပ်စု တုံပင်ကျေးရွာ အနီးမှာ နိုဝင်ဘာ ၂၅ ရက် ညသန်းခေါင်အချိန်မှ နံနက်စောစော ၂ နာရီအထိ  စစ်ကောင်စီရဲ့လေယာဉ်တွေ ဗုံးလာကျဲခဲ့ကြောင်း တုံပင်ဒေသခံတစ်ဦး ကိုပြောပါတယ်။

“ ဟုတ်တယ် ည ၁၂ နာရီနဲ့ ၁ နာရီခွဲကျော်လောက်မှာ လာကျဲသွားတယ်။ လေယာဉ်ကတော့ နှစ်စီး၊ လေးငါးချက်လောက်တော့ လာချသွားတယ် “ လို့ တုံပင်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။

ဒေသခံတွေပြောဆိုမှုအရတော့ ကျေးရွာနှင့်ဝေးပြီး ညသန်းခေါင်ချိန်မှာ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု မသိရကြောင်း ပြောဆိုပါတယ် ။

စစ်ကောင်စီဗုံးကျဲခဲ့တဲ့နေရာက KIA တပ်စခန်းတွေရှိတဲ့ နေရာဖြစ်ပြီး PDF တွေလည်းရှိတယ်လို့ ဒေသတွင်းပြောဆိုမှုတွေလည်းရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသက မိုင်းနောင်ကျေးရွာအနောက်ဘက်တွင် စစ်ကောင်စီတပ်တို့က လေယာဉ်ဗုံးကျဲမှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး တုံပင် – မိုင်းပုတ် ကျေးရွာ တောတန်းများတွင် နှစ်ကြိမ် ဗုံးကျဲမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။  

အင်းတော်ကြီးဒေသတွင် KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲမဖြစ်ပွားသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့်လ အောက်တိုဘာကလည်း မိုင်းနောင်ကျေးရွာအနောက်ဘက်ကို တစ်ကြိမ် လေယာဉ်ဗုံးကျဲခဲ့ကြောင်းသိရပါတယ်။

ထို့ပြင် မိုးညှင်းမြို့နယ် နမ္မချီကျောက်မှော်တွေအနီးကိုလည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၄ နာရီအချိန်က စစ်ကောင်စီရဲ့ လေယာဉ်ပျံတွေက ဗုံးကျဲချခဲ့တယ်လို့ မိုးညှင်းဒေသခံတွေက ပြောဆိုကြပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ KIA. PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားပေမယ့်လည်း လေယာဉ်နဲ့ ဗုံးကျဲချမှုတွေက မကြာခဏရှိနေဆဲဖြစ်ပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...