စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF က နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ KDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

“ အဓိကကတော့ အဲ့ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေက သူက ဒလန်ပါဆိုပြီးတော့ ကျနော်တို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က သေချာစောင့်ကြည့်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးတော့မှ သေချာသလောက်ရှိပြီ ဆိုပြီးတော့မှ ကျနော်တို့က ဖမ်းတာပေါ့နော။ ဖမ်းတဲ့အချိန်လည်း ကျနော်တို့က အကြမ်းဖက်ပြီး ဖမ်းတာမဟုတ်ဘူး။ စစ်ဆေးမေးမြန်းစရာရှိတယ် ဆိုပြီးတော့ ကျနော်တို့ ခေါ်သွားတာပါ။ ပြီးတော့ KSP လက်ထဲကို ကျနော်တို့ အပ်ထားတယ်လေ။” လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ဒေါ်ခင်မေစိုးအပါအဝင် စစ်ကောင်စီသတင်းပေးသူ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူ အားလုံးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဖြစ်တဲ့ KSP လက်ထဲကို လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ စောင့်ကြည့်စုံစမ်းပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသတင်းပေးတွေကို KSP ထံ လွဲပြောင်းအပ်နှံပြီး စစ်ဆေးမေးမြန်းမှုတွေကိုတော့ KSP ကပဲ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားတယ်လို့ သိရပါတယ်။

KDF အနေနဲ့ စစ်ကောင်စီသတင်းပေးတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆူးညှောင့်ခလုတ်ဖြစ်တဲ့အတွက် ဆက်လက် စောင့်ကြည့်စုံစမ်းပြီး NUG မှ ချမှတ်ထားတဲ့ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိဖမ်းဆီးရမိတဲ့ ဒေါ်ခင်မေစိုးဟာ စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်အပ်လိုက်တဲ့ ဒီးမော့ဆိုမြို့နယ် ဒု – ပညာရေးမှူးတာဝန်ကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...