သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့ ၁၃ မိုင်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သံတောင် ပျားစခန်းလမ်း ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကောင်စီယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကားတွေ မိုင်းဆွဲခံရတာ သေနတ်ပစ်ခတ်သံတွေဆက်တိုက်ကြားရတယ်၊ အပြန်အလှန်ပစ်ခတ်သံက ၁၀ မိနစ်ကြာတယ်။အဲနားက ပျားစခန်းရွာထိပ်မှာ စစ်သားတွေ ခဏတပ်စွဲထားပြီး ည ၇ နာရီကျော်လောက်ကျမှ တောင်ငူဘက်ပြန်ဆင်းသွားတယ်၊ အဲနားမှာ စစ်ကားတစ်စီးက ဘေးပလက်မှောက်ခုံကျန်နေတယ်" လို့ ဆိုပါတယ်။

ထိခိုက်မှုအခြေအနေကိုတော့ သံလွင်တိုင်းမ်မှ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ ဘောဂလိလမ်းမှ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းက ဘောဂလိလမ်းရှိ သစ်စေးတောင်မှာ ဆိုင်ကယ်နဲ့ကွမ်းသီးတင်ဆောင်လာတဲ့ လူငယ်တစ်ဦးကို ဝင်ရောက်တိုက်မိလို့ ယင်းလူငယ် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...