ပန်းတနော်တွင် စပါးဈေးကောင်း၍ နွေစပါးစိုက်သူ များလာ

ပန်းတနော်တွင် စပါးဈေးကောင်း၍ နွေစပါးစိုက်သူ များလာ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယခုစပါးပေါ်ချိန်တွင် ဈေးကောင်းရနေပြီး နွေစပါးစိုက်သူ ပိုများလာသည်ဟု ဒေသတွင်းရှိ လယ်စိုက်တောင်သူများက ပြောသည်။

“မိုးစပါးရိတ်ပြီးရင် တချို့က မတ်ပဲ စိုက်တယ်။ ရာသီဥတုကလည်း ပဲစိုက်ဖို့ကောင်းတယ်။ ပဲက ဈေးကောင်းရဖို့ မသေ ချာဘူး။ စပါးကတော့ အနည်းဆုံးငါးသိန်းခွဲ အထက်ရနိုင်တော့ နွေစပါးကို ပိုစိုက်လာကြတဲ့ သဘောရှိတယ်”ဟု ပန်းတနော်ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

လက်ရှိ ဈေးကွက်တွင် စပါးတင်း ၁၀၀လျှင် ကျပ် ၆၅၀,၀၀၀အထိ ဈေးပေါက်နေပြီး ယခင်နှစ်ထက် ကျပ်တစ်သိန်း ဝန်းကျင် တိုးလာသလို အခြားတဖက်တွင်မူ သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာဈေးတက်လာသလို နွေစပါးစိုက် ရာတွင် ရေဖြည့်သွင်းရသည့်အတွက် စက်သုံးဆီဈေးလည်း မြင့်တက်လာသည်ဟု လယ်သမားများက ပြောပြကြသည်။

ထို့အတွက်ကြောင့် စပါးဈေးကောင်းသော်လည်း သွင်းအားစုများ ဈေးတက်ခြင်း၊ ငွေကြေးဖောင်းပွမှု ရှိနေခြင်း စသည့် အခြေအနေများကြောင့် လယ်သမားများမှာ သိသာသော တွက်ခြေကိုက်မှုမရှိကြောင်းလည်း လယ်သမားများက ပြော သည်။

ယခုလို စပါးဈေးကောင်းနေချိန်တွင် ပြည်ပသို့ ဆန်တင်ပို့ရာ၌ အဝယ်လိုက်ခြင်းမျိုးရှိပြီး ယမန်နှစ်က စပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀လျှင် ကျပ် ၅၅၀,၀၀၀ ဝန်းကျင်သာရှိခဲ့သဖြင့် ယခုနှစ်မှာ ကျပ်တစ်သိန်း ဝန်းကျင်ထိ စပါးဈေးတက်လာ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း တာဝန်ရှိသူတဦးထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...