လောင်းလုံးမှာ စစ်ကောင်စီတပ်က ဒေသခံ PDF တွေကို တောနင်းရှာဖွေ

လောင်းလုံးမှာ စစ်ကောင်စီတပ်က ဒေသခံ PDF တွေကို တောနင်းရှာဖွေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာ ကြယ်တောင်အနီးမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီအင်အား ၈၀ လောက်က ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို တောနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ လောက်ဟာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ပြီး ကြယ်တောင်အနီးရှိ ဆီအုန်းခြံ၊ တောတောင်တွေအတွင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တောနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုတောနင်းရှာဖွေရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မတွေ့တဲ့အတွက်ကြောင့် နေ့လယ်ပိုင်းလောက်မှာ ပြန်လည် ဆုတ်ခွာလာတယ်လို့ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“မနက်ကတည်းက အင်အားအများကြီး လက်နက်အပြည့်အစုံနဲ့ ဝင်ရှာနေကြတာ။ တစ်နေရာမတွေ့ တစ်နေရာ လိုက်ရှာနေတာ။ PDF တွေကို လိုက်ရှာနေတယ်လို့ ထင်တယ်။ ရွာထဲမှ တပ်စွဲနေထိုင်နေတဲ့အဖွဲ့တွေလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ် အင်အား ၈၀ လောက်ဟာ ဂေါ့အင်းရွာထဲက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အခြေပြု တပ်စွဲနေထိုင်နေပါတယ်။

ဂေါ့အင်းကျေးရွာအနီး ကြယ်တောင်အနီးမှာတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီကား တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သလို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေလာတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...