အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်ခံရ

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်ခံရ

ယခုနှစ်အတွက် ဩစတြေးလျားနိုင်ငံ (The Australian Council for International Development – ACFID) က ပေး အပ်သော လူ့အခွင့်အရေးဆိုင်ရာဆု (Sir Ronald Wilson Human Rights Award)ကို အမျိုးသမီးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (Women’s League Burma-WLB) ကို ချီးမြှင့်လိုက်ကြောင်း ACFID က နိုဝင်ဘာ ၂၂ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာသို့ စည်းရုံးလှုံ့ဆော်ရာ တွင် ထင်ထင်ရှားရှား ဦးဆောင်မှုပေးနိုင်ခဲ့သည့်အပေါ် ယခုလို ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း ACFID ၏ သတင်း ထုတ်ပြန် မှုတွင် ယခုလို ဖော်ပြထားသည်။

ACFID ၏ ဥက္ကဌ Susan Pascoe က “၂၀၂၁ခုနှစ် တစ်လျှောက်လုံးမှာ WLB အနေနဲ့ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ကို ရှေ့တန်းမှာ ရင်ဆိုင်ပြီး နိုင်ငံတကာမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ရေးအတွက် စည်းရုံးလှုံ့ဆော်တဲ့ နေရာမှာ ထင်ရှားတဲ့ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ WLB အဖွဲ့ဝင်တွေအနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ် စုအားလုံးရဲ့ အမျိုးသမီးအခွင့်အရေးကို ကာကွယ်မြှင့်တင်တဲ့နေရာမှာ နေ့တိုင်းလိုလို အသက်ကိုလည်း ရင်းထားကြပါ တယ်။ ဒီဆုဟာ အကြမ်းဖက်မှုကို ရင်ဆိုင်တဲ့ သူတို့ရဲ့သတ္တိအတွက် အသိအမှတ်ပြုပေးခြင်းဖြစ်ပါတယ်။”ဟု ဖော်ပြ ပြောဆိုခဲ့သည်။

ယခုလို အသိအမှတ်ပြုသည့်ဆု ရရှိခြင်းသည် WLB အပေါ် အမျိုးသမီးနှင့် လူ့အခွင့်ရေးလှုပ်ရှားမှုများအတွက် ရှေ့ဆက် လုပ်ဆောင်ရန် အားအင်ဖြစ်စေကြောင်း WLB ၏ ပြောခွင့်ရသူ နော်ဆဲဆဲက ကေအိုင်စီသို့ ယခုလို ပြောသည်။

သူမက “ရှေ့ဆက်အနာဂတ်မှာ လှုပ်ရှားဆောင်ရွက်ဖို့ ကျမတို့အတွက် စိတ်အားမြှင့်တက်စေတယ်။ ဒီ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးအထိကို လုပ်ဆောင်သွားနိုင်ဖို့ အားအင်ဖြစ်စေတယ်။ ဒါထက်ပိုပြီးတော့ လှုပ်ရှားဆောင်ရွက်နိုင်ဖို့အ တွက်လည်း အများကြီး အားတက်စေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် အဆိုပါဆုရရှိကြောင်းကို သက်ဆိုင်ရာ ACFID အဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ခြင်းသာရှိသေးခြင်းဖြစ်ပြီး ဆုချီးမြှင့်ပေးအပ်ခြင်းကိုမူ တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးကြောင်းလည်း WLB က ဆိုသည်။

၂၀၂၁ခုနှစ်၊ ဇွန်လကလည်း မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာလှုပ်ရှားမှု တွင် အမျိုးသမီးများ၏ ပါဝင်မှုမြှင့်တင်သွားရန် ဆောင်ရွက်ပေးသည့် (WLB) အဖွဲ့အနေဖြင့် ၂၀၂၁ Judith Stronach Award ပေးအပ်ခြင်း ခံခဲ့ရသေးသည်။

WLB သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့် အတန်း မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထား လုပ် ဆောင်လျက်ရှိသည်။

WLB ကို ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ဖွဲ့ ပူးပေါင်းပါဝင်သည့် အမျိုးသမီးကွန်ရက်အဖွဲ့တစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာမှ အသိအမှတ်ပြု ချီးမြှင့်ခဲ့သည့်ဆု (၆)ခု ရရှိနေပြီးဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...