တကူရဲကင်းစခန်း မိုင်းဆွဲမီးရှို့ခံရပြီးနောက် ဒေသခံ ၄ ဦး အဖမ်းခံရ

တကူရဲကင်းစခန်း မိုင်းဆွဲမီးရှို့ခံရပြီးနောက် ဒေသခံ ၄ ဦး အဖမ်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တကူရွာမှာ ရဲကင်းစခန်းတစ်ခု မိုင်းဆွဲမီးရှို့ခံရပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဒေသခံလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ ညနေပိုင်းမှာ လမိုင်းကော့ရွာက ဒေသခံနှစ်ဦးနဲ့ ကိုးအင်းရွာကနှစ်ဦး စုစုပေါင်းအမျိုးသားလေးဦးကိုဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

"ဒေသခံ ၄ ဦးဖမ်းခံထိတာတော့ သိတယ်။ ဘယ်သူတွေဆိုတာကတော့ လိုက်စုံစမ်းနေတုန်းဘဲ။ ရွာထဲမှာလဲ စကစ အဖွဲ့တွေ အရပ်ဝတ်တွေနဲ့သွားလာနေတယ်။ ရဲစခန်းမီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့တွေ လိုက်စစ်နေတယ်လို့ သိရတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင်ကူရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်တွေ သွားရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပြီး ဒီနေ့ ညနေပိုင်းက သာရဘွင်ရွာမှာ သေနတ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ တကူရဲစခန်းကို ဓူဝွတော်လှန်ရေးအဖွဲ့က မိုင်းခွဲမီးရှို့ခဲ့တာဖြစ်ပြီး ရဲစခန်းအဆောက်အအုံနဲ့အတွင်းရှိ ပရိဘောက ပစ္စည်းတွေ စာရွက်စာတမ်းတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...