တကူရဲကင်းစခန်း မိုင်းဆွဲမီးရှို့ခံရပြီးနောက် ဒေသခံ ၄ ဦး အဖမ်းခံရ

တကူရဲကင်းစခန်း မိုင်းဆွဲမီးရှို့ခံရပြီးနောက် ဒေသခံ ၄ ဦး အဖမ်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တကူရွာမှာ ရဲကင်းစခန်းတစ်ခု မိုင်းဆွဲမီးရှို့ခံရပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဒေသခံလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ ညနေပိုင်းမှာ လမိုင်းကော့ရွာက ဒေသခံနှစ်ဦးနဲ့ ကိုးအင်းရွာကနှစ်ဦး စုစုပေါင်းအမျိုးသားလေးဦးကိုဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

"ဒေသခံ ၄ ဦးဖမ်းခံထိတာတော့ သိတယ်။ ဘယ်သူတွေဆိုတာကတော့ လိုက်စုံစမ်းနေတုန်းဘဲ။ ရွာထဲမှာလဲ စကစ အဖွဲ့တွေ အရပ်ဝတ်တွေနဲ့သွားလာနေတယ်။ ရဲစခန်းမီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့တွေ လိုက်စစ်နေတယ်လို့ သိရတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင်ကူရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်တွေ သွားရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပြီး ဒီနေ့ ညနေပိုင်းက သာရဘွင်ရွာမှာ သေနတ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ တကူရဲစခန်းကို ဓူဝွတော်လှန်ရေးအဖွဲ့က မိုင်းခွဲမီးရှို့ခဲ့တာဖြစ်ပြီး ရဲစခန်းအဆောက်အအုံနဲ့အတွင်းရှိ ပရိဘောက ပစ္စည်းတွေ စာရွက်စာတမ်းတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...