တနင်္သာရီမြို့နယ် တကူရဲစခန်း မိုင်းခွဲမီးရှို့ခံရ

တနင်္သာရီမြို့နယ် တကူရဲစခန်း မိုင်းခွဲမီးရှို့ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်း နိုဝင်ဘာလ ၂၂ ရက်နေ့ ညက မိုင်းခွဲခံရပြီး မီးရှို့ခံရတယ်လို့ သိရပါတယ်။

မိုင်းခွဲမီးရှို့ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဆိုပါ စခန်းမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

မိုင်းခွဲမီးရှို့ခံရတာကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အဦ၊ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်စာရွက်စာတမ်းတွေ မီးလောက်ပျက်စီးခဲ့ပါတယ်။

"ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး။ ပေါက်ကွဲသံကြားပြီးတော့ မီးလောင်တယ်လို့တော့ သိရတယ်။ စကစတွေ နေရာဆိုတော့ သွားကြည့်ဖို့လဲ အဆင်မပြေခဲ့ဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ရဲစခန်းကို မိုင်းခွဲမီးရှို့မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ဓူဝံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...