PDFဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသည့် ၁ဝ တန်းကျောင်းသူကို ပြန်လွှတ်ပေးခဲ့သော်လည်း အဒေါ်ဖြစ်သူကိုဆက်လက် ဖမ်းဆီးထား

PDFဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသည့် ၁ဝ တန်းကျောင်းသူကို ပြန်လွှတ်ပေးခဲ့သော်လည်း အဒေါ်ဖြစ်သူကိုဆက်လက် ဖမ်းဆီးထား

သံတွဲမြို့မှ PDFကို ငွေကြေးထောက်ပံ့သည့် သံသယဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ၁၀ တန်းကျောင်းသူ မသိမ့်အေးချမ်းကို ပြစ်မှုမထင်ရှား၍ ပြန်လွှတ်ပေးခဲ့သော်လည်း သူမ၏ အဒေါ်ဖြစ်သူ ဒေါ်စန်းချိုသိုက်ကို ဆက်လက်ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မသိမ့်အေးချမ်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် ပြန်လည် လွတ်ပေးခဲ့သော်လည်း သူမ၏ အဒေါ်ဖြစ်သူ ဒေါ်စန်းချိုသိုက်ကို နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု အမည်မဖော် လိုသည့် ဆွေမျိုးတော်စပ်သူတစ်ဦးမှ နိရဥ္စရာသို့ပြောသည်။

“ ကလေးမလေးကတော့ လွတ်လာပြီ။ သူ့အဒေါ်ကတော့ အဖမ်းခံရတယ်” ဟုပြောသည်။

မသိမ့်အေးချမ်း၏ အဒေါ်ဖြစ်သူ ဒေါ်စန်းချိုသိုက်အား PDFကို ငွေကြေး ထောက်ပံ့သည့် သံသယဖြင့် နိုဝင်ဘာလ ၆ရက်နေ့က သံတွဲမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှုပုဒ်မ ၅၀(ည) ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထားကြောင်းကို သံတွဲမြို့မ ရဲစခန်းမှူးက နိရဉ္စရာသို့ ယနေ့ နေ့လယ်က အတည်ပြု ပြောကြားသည်။

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသူမှာ အသက် ၁၇ နှစ်အရွယ် မသိမ့်အေးချမ်းဖြစ်ပြီး သံတွဲအထက ၁ တွင် ဇီဝဘာသာတွဲဖြင့် ၁၀ တန်းကို တက်ရောက်သင်ယူခဲ့သူဖြစ်ကာ နိုဝင်ဘာလ ၃ ရက်၊ ည ၇ နာရီခန့်တွင် သူမနေထိုင်ရာ သံတွဲမြို့၊ အမှတ်(၇) ရပ်ကွက် ရေအားလျှပ်စစ်ကွင်းရှိနေအိမ်မှ ရဲအရာရှိများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

 PDFနှင့်ဆက်စပ်သံသယဖြင့် လက်ရှိရခိုင်ပြည်နယ် ငပလီမြို့မှ ဦးစိန်ချစ်၊ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူကျော်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်နှင့် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့ ဖမ်းဆီးခံထားရပြီး အကြမ်းဖက်မှု ပုဒ်မများဖြင့် တရားစွဲခံထားရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...